စစ်ကိုင်းတိုင်း၊ မုံရွာ – အရာတော်လမ်းပေါ်တွင် မိုင်းရှင်းလင်းရေးထွက်လာသည့် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။
သြဂုတ် ၃၀ ရက်က မုံရွာ – အရာတော်လမ်းပေါ် ရသေ့ကျောင်းမှ လမ်းဘေးဝဲယာ မိုင်းရှင်းလင်းရေးထွက်လာသော စစ်ကောင်စီတပ်သား ၁၅ ဦးကို မာလကာခြံအနီးအရောက် နံနက် ၉နာရီခွဲခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးပြင်းထန်ဒဏ်ရာရရှိသွားကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ထိခိုက်သူများအား (၁၂)ဘီးကားဖြင့် မုံရွာမြို့သို့သယ်သွားကြောင်း၊ စစ်ကောင်စီတပ်ဘက်က ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။
အဆိုပါ စစ်ဆင်ရေးကို သပြေညိုပြောက်ကျားတပ်ဖွဲ့၊ Ayadaw Bone Naing-PDF၊ AMT မြေပြင်ပြောက်ကျားတပ်ဖွဲ့၊ Ayadaw Falcon Force(AF2)၊ Dranger Force LPDFတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ သပြေညိုပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
