ရန်ကုန် ဒလမြို့နယ်ရှိ စစ်ကောင်စီခန့်ရာအိမ်မှူးစိုးမင်းဦးဆိုသူနှင့် အဖွဲ့ဝင်သုံးဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းရန်ကုန်တိုင်း ပြည်သူ့တပ်မဟာက ထုတ်ပြန်သည်။
ယမန်နေ့(သြဂုတ် ၃၀)ညနေ ၆ နာရီခွဲခန့်တွင် ရန်ကုန် တိုင်းပြည်သူ့တပ်မဟာနှင့် ဒလမြို့နယ်(ပကဖ)အဖွဲ့တို့ပူးပေါင်းပြီး သမ္မတကမ်းခြေရပ်ကွက် ရာအိမ်မှုး စိုးမင်းဦးနှင့်အဖွဲ့အား ဝင်ရောက်ရှင်းလင်းပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း ဖော်ပြသည်။
“ပစ်ခတ်မှု့ဖြစ်စဉ်ကြောင့်အဓိကပစ်မှတ် ဖြစ်သူဒလန်စိုးမင်းဦး နေရာတွင် သေဆုံးခဲ့ပြီး ၎င်း၏အဖွဲ့ဝင် သုံးဦး (နှစ်ဦး စိုးရိမ်ရ)ဒါဏ်ရာများ ရရှိခဲ့ပါသည်”ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
သေဆုံးသူ စိုးမင်းဦးသည် ၂၀၂၁ ခုနှစ်မတ်လ ၂၆ ရက်ညကဒလအရေးအခင်း ဖြစ်စဉ်တွင် အပစ်မဲ့အမျိုးသမီး နှစ်ဦးအား ဖမ်းစီးမှုမှစ၍ ယနေ့ထိ စစ်ကောင်စီနှင့်ပူး ပေါင်းကာ ရပ်ကွက်နေပြည်သူများအား အနိုင်ကျင့်ခြင်း၊ဖမ်းဆီးနှိပ်စက်ခြင်းများကို စဥ်ဆက်မပြတ် ကျူးလွန်နေသူဖြစ်၍ အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အသိ ပေးထားသည်။
