ပဲခူးတိုင်း သာယာဝတီမြို့နယ် ရေတွင်းကုန်းကျေးရွာမှ စစ်ကောင် စီခန့်အုပ်ချုပ်ရေးမှူး ဦးအေးကျော်ဆိုသူကို အမည်မသိလက်နက်ကိုင်တစ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဒေသခံများက ပြောသည်။
အုပ်ချုပ်ရေးမှူး ဦးအေးကျော်ဆိုသူသည် ယနေ့နေ့လယ် ၁၂ နာရီခန့်က အနောက်ရေတွင်းကုန်းကျေးရွာမှအပြန် လမ်းတွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး သေနတ်ဒဏ်ရာသုံးချက်ရရှိသွားကြောင်း ဒေသခံများက ပြောသည်။
ပစ်ခတ်ခံရ၍ ဒဏ်ရာရရှိသွားသော ဦးအေးကျော်အား လူမှုကူညီရေးအသင်းယာဥ်ဖြင့် သာယာဝတီဆေးရုံသို့ ပို့ဆောင်ကုသရာ မသက်သာသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းကုသစဥ် ယနေ့ညနေပိုင်း၌ သေဆုံးသွားပြီဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသော်လည်း သေဆုံးခြင်းရှိမရှိအား လူထုနွေဦးမှ သီးခြားအတည်ပြူနိုင်ခြင်း မရှိသေးပေ။
ဒေသခံများ၏ပြောဆိုမှုအရ အုပ်ချုပ်ရေးမှူး ဦးအေးကျော်သည် PDF များအား မကြောက်ကြရန်နှင့် ပြန်ချကြရန် ရပ်ကျေးအစည်းအဝေးများတွင် ပြောဆိုလေ့ရှိသူဖြစ်ကြောင်း သိရသည်။
သာယာဝတီမြို့နယ်အတွင်း စစ်ကောင်စီတပ်အုပ်ချုပ်ရေးမှူးများနှင့် သတင်းပေးဒလန်ဟုဆိုသူများအား တော် လှန်ရေးအဖွဲ့အစည်းများက သုတ်သင်လျှက်ရှိရာ သြဂုတ် ၅ ရက်ညပိုင်းကလည်း စည်ပင်ကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဆိုသူ ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။
