ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ မြ၀တီ -ဝေါ်လေလမ်း သရက်တစ်ပင်ဂိတ်အနီးတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။
ယနေ့ (ဩဂုတ် ၃၀ရက်) မွန်းလွဲပိုင်း၌ နယ်မြေကျူးကျော်လာသည့် စစ်ကောင်စီတပ်ဖွဲ့များကို ကော်ဘရာစစ်သည်များက တိုက်ခိုက်ခဲ့ရာ ၁နာရီခွဲကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။
အဆိုပါတိုက်ပွဲတွင် ကော်ဘရာစစ်ကြောင်းနှင့်အတူ Federal Wings Drone တပ်ဖွဲ့ကလည်း ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုကို စိစစ်ဆဲဖြစ်ပြီး ကော်ဘရာ စစ်သည်များ ထိခိုက်မှုမရှိဟု ထုတ်ပြန်သည်။
ယမန်နေ့ (ဩဂုတ် ၂၈ရက်) ညပိုင်းကလည်း မြ၀တီ – ဝေါ်လေလမ်း ကျော်ဝါးဘိုး ဘုရားအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကော်ဘရာစစ်ကြောင်းနှင့် Federal Wings Droneတို့ ပူးပေါင်းပြီး ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု ရှိခဲ့သည်။
