စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံရသည့် ပြည်သူများအတွက် ငွေကြေးသုံးစွဲခဲ့ရ၍ အဖွဲ့ရံပုံငွေအင်အားနည်းလာသောကြောင့် အကူအညီတောင်းခံခြင်း Campaign တွင် ပါဝင်ပေးကြရန် ဒီပဲယင်းနယ်အခြေစိုက် Local Fighters Squad အဖွဲ့က မေတ္တာရပ်ခံသည်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းနယ်အခြေစိုက် Local Fighters Squadနှင့် ရွှေချိုးဖြူကာကွယ်ရေးတပ် ဖွဲ့များသည် အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက် ဆီးမှုကြောင့် ထွက်ပြေးလာရသည့် ပြည်သူများအတွက် လက်နက်ဝယ်ယူရန် စုဆောင်းထားသော အရံငွေများထဲက ထုတ်နုတ်သုံးစွဲပြီး လတ်တလော နေထိုင်စားသောက်ရေးအတွက် သုံးစွဲခဲ့ကြောင်း Local Fighters Squadအဖွဲ့က အသိပေးသည်။
ထိုကြောင့် တပ်ဖွဲ့အတွက် လိုအပ်သော လက်နက် ခဲယမ်းနှင့် စားနပ်ရိက္ခါများဝယ်ယူရန် ရံပုံငွေလျော့နည်းလာ၍ ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသားများအနေဖြင့် အကူအညီတောင်းခံခြင်း Campaign တွင် ပါဝင်ပေးကြရန် Local Fighters Squadအဖွဲ့က မေတ္တာရပ်ခံသည်။
တပ်ဖွဲ့အတွက်လိုအပ်သော လက်နက်ခဲယမ်း၊စစ်သုံးစရိတ်များကို အဖွဲ့ရှိတပ်သားများ၏ ကိုယ်ပိုင် လယ်ကွက်ခြံကွက်များ၊ ပိုင်ဆိုင်မှူများကို ရောင်းချပြီးဖြည့်တင်းတပ်ဆင်ခဲ့ကြကြောင်း၊ ထပ်မံလိုအပ်နေသော လက်နက်ခဲယမ်းများ ဖြည့်တင်းရန် ရည်ရွယ်စုဆောင်းထားခဲ့ကြောင်း ၎င်းအဖွဲ့များက ပြောသည်။
Local Fighters Squadအဖွဲ့နှင့် ရွှေချိုးဖြူ ကာကွယ်ရေးတပ်ဖွဲ့များသည် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် ကာလတစ်ခုအကြာတွင် စစ်ကောင်စီတပ်များကို တော်လှန်ရန် လိုအပ် သောသင်တန်းများအား သွားရောက်သင်ကြားခဲ့သူများဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ ထို့နောက် ဌာနေကို ပြန်လာ၍ ဖွဲ့စည်းတည်ထောင်ကာ အခြားရဲဘော် များအား လိုအပ်သောသင်တန်းများ ပြန်လည်ပို့ချခဲ့ကြောင်း ၎င်းအဖွဲ့များက ဆိုသည်။
ပြည်သူ့ကာကွယ်ရေးတာဝန်များကိုလည်း မြို့နယ်(ပကဖ)များ၊ NUGလက်အောက်ခံ တပ်ရင်း တပ်ဖွဲ့များနှင့် အခြားသောမြို့နယ်ရှိ မဟာမိတ်အဖွဲ့များနှင့်အတူ ပူးပေါင်း၍ တာဝန်ထမ်းဆောင် နေသော အဖွဲ့များဖြစ်ကြောင်း အသိပေးထားသည်။
