စစ်ကိုင်းတိုင်း၊ ရေဦးမြို့ ကြာပန်းအဝိုင်းတွင် ခင်ဦးနယ်ခံပြည်သူ ၂၀ ကျော်ကိုစစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယနေ့ (သြဂုတ်လ ၂၉ ရက်နေ့ )နံနက်ပိုင်းက ရေဦးမြို့၊ ကြာပန်းအဝိုင်းတွင် ခင်ဦးနယ် သရက်ပင်စု၊ကားစိပ်၊အင်တိုင်းလေး(တ/မ) မှ ဒေသခံအမျိုးသား၄ဦး၊ အမျိုးသမီး၁၆ဦး ပေါင်း ၂၀ဦးခန့်အထိ မတရားဖမ်းဆီးထားကြောင်း 𝙆𝙝𝙞𝙣 𝙐 𝙎𝙪𝙥𝙥𝙤𝙧𝙩 𝙊𝙧𝙜𝙖𝙣𝙞𝙯𝙖𝙩𝙞𝙤𝙣-𝙆𝙎𝙊 အဖွဲ့က သတင်းထုတ်ပြန်သည်။
ထို့အပြင် လက်နက်ကြီးများဖြင့် အရှေ့ခင်ဦးနယ်ဘက်ဦးတည်တပ်ဆင်ထားကြောင်း၊ ရေဦ-ခင်ဦး ကားလမ်းဝဲယာ ခင်ဦးနယ် အနောက်ခြမ်းကျေးရွာများ အားလုံး သတိထားကြရန် 𝙆𝙎𝙊 အဖွဲ့က အသိပေးသည်။

ယမန်နေ့ကတည်းက ခင်ဦးနယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများဖြစ်ပွားနေသည်။သို့သော်မည်သည့်အဖွဲ့ကမှ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
“ဘယ်အဖွဲ့နဲ့ ပွဲကြမ်းသလဲတော့ မသိရသေးပါဘူး ။ သေချာတာတစ်ခုကတော့ ဖြစ်ဖို့ များပါလိမ့်မယ်။ ဒါကြောင့် ဒီနေ့ ပြည်သူ အများအပြားကို ဖမ်းဆီးထားတာ ဖြစ်မယ်လို့ ယူဆပါတယ်။”ဟု ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု-KURDAF က ပြောသည်။
အကြမ်းဖက်စစ်တပ်က ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်စစ်ကြောင်းတစ်လျှောက်ခေါ်ဆောင်သွားနိုင်၍ ရေဦး-ခင်ဦးလမ်းပိုင်း အသွားအလာရပ်နားထားသင့်ကြောင်း ဒေသခံများက ပြောသည်။
