ရန်ကုန်မြို့မှာ ရှိတဲ့ အင်းလျားကန်ထဲကို ဒီနေ့ နေ့လယ်ပိုင်းက အမျိုးသားတစ်ဦး အဆုံးစီရင်ဖို့ ခုန်ချသွားတယ်လို့ သိရပါတယ်။
အဲဒီဖြစ်စဉ်ဟာ နေ့လယ်ပိုင်း ၂ နာရီလောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ကန်ဘောင်ပေါ်မှာ ဖိနပ်တရံ ၊ဦးထုပ်အဖြူရောင် ကျန်ရစ်ခဲ့ပါတယ်။
ကန်ထဲခုန်ချသွားတဲ့အမျိုးသား ကို ရှာဖွေကယ်ဆယ်ရေးလုပ်နေပေမယ့်မတွေ့သေးဘူးလို့ သိရပါတယ်။
သြဂုတ်လ ၂၅ ရက်နေ့ကလည်း ကမ္ဘာအေး ဘုရားလမ်း ၊ဂမုန်းပွင့်ကုန်တိုက်ရှေ့က လူကူးကုန်းတံတားပေါ်ကနေ အမျိုးသားတစ်ဦး အဆုံးစီရင်ဖို့ ခုန်ချခဲ့ပါသေးတယ်။
အဲဒီလို ခုန်ချတဲ့ အမျိုးသားဟာ အသက်သေဆုံးမှုမရှိဘဲ ခါးရိုးထိခိုက်သွားတယ်လို့သိရပါတယ်။
မနေ့ကလည်း ပြည်မြို႕ နဝဒေး တံတားပေါ်ကနေ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးဟာ အသက် ၃ နှစ်အရွယ် သမီးဖြစ်သူနဲ့အတူ ဧရာဝတီမြစ်ထဲ ခုန်ချသွားခဲ့ပါတယ်။
ဧရာဝတီမြစ်ထဲခုန်ချသွားတဲ့ သားအမိ ၂ ဦးကို ရှာဖွေကယ်ဆယ်မှုတွေ ဒီနေ့အထိလုပ်ဆောင်နေဆဲဖြစ်ပါတယ်။
