ဘော်လခဲမြို့ မတ်စလောင်းတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KNDFနှင့် KA တို့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ စနိုက်ဘာသမားနှစ်ဦးအပါအဝင် သုံးဦးသေဆုံးကြောင်း ထုတ်ပြန်သည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၁၆ နှင့် ကရင်နီတပ်တပ်မတော်(KA) က သြဂုတ် ၂၇ရက် နံနက်တွင် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မတ်စလောင်းတောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်မှုတွင် “စစ်ကောင်စီဖက်မှ ၃ဦး (စနိုက်ဘာနှင့်၂ဦး၊လက်နက်ငယ်နှင့် ၁ဦး) သတ်နိုင်ခဲ့ပြီး မိမိတို့ရဲဘော်များ အထိခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ပါသည်”ဟု KNDFက ထုတ်ပြန်ထားသည်။
သြဂုတ်၂၇ရက်က တိုက်ပွဲကို ယနေ့(သြဂုတ်လ ၂၉ရက်)မှသာ သတင်းထုတ်ပြန်ခြင်းဖြစ်သည်။
စစ်ကောင်စီသည် သြဂုတ်လလယ်ခန့်မှစတင်ကာ ကရင်နီပြည်နယ်သို့ အင်အားတိုးမြှင့်မှုများ ပြုလုပ်လာနေသည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။
