စစ်အုပ်စုက ဘာကြောင့်အာဏာသိမ်းရသည်ကို တပ်တွင်းဝါဒဖြန့်သင်တန်းကိုထပ်မံပို့ချနေပြီး စစ်သားများအပြင် ရဲ နှင့်အကျဥ်းဦးစီးဌာန ဝန်ထမ်းများကိုပါ မတက်မနေရ သတ်မှတ်ထားကြောင်း တပ်တွင်းသတင်းရင်း မြစ်များက လူထုနွေဦးသို့ ပြောသည်။
သြဂုတ်လ ဆန်းပိုင်းက စ၍တပ်တွင်းဝါဒဖြန့်သင်တန်းကို စစ်ကောင်စီ၏ ပြည်သူ့ဆက်ဆံရေး၊စိတ်ဓာတ်စစ်ဆင်ရေးဌာနက အရာရှိများက သင်တန်းပို့ချနေခြင်းဟုသိရသည်။
“NLD မဲလိမ်တယ်ဆိုပြီး အဓိကထား ပြောတယ် ။ပြီးတော့ တခြားပါတီတွေက တိုင်လို့ တပ်မ တော်အနေနဲ့ ညှိနှိုင်းပေးတယ်။ဒါပေမယ့် NLD က အာဏာရှင်ဆန်လို့ တပ်မတော်ကို အာဏာဝင်ထိန်းလိုက်တာလို့အကြိမ်ကြိမ် အဖန်ဖန်ပြော တယ်”ဟု တပ်မ ၇၇ လက်အောက်ခံတပ်တွင်း မည်သို့ဝါဒဖြန့်နေကြောင်း သတင်းရင်းမြစ်ကရှင်းပြသည်။
အဆိုပါသင်တန်းမျိုးမှာ ယခုတစ်ကြိမ်ပင် မကတော့ဘဲ အာဏာသိမ်းပြီးနောက်ပိုင်း ဒုတိယအကြိမ်မြောက်ကိုယ်တွေ့ကြုံရခြင်းဟု ၎င်းကဆက်ပြောသည်။
“ပထမ တစ်ခါက စစ်တပ်ကချည်းပဲ။အခု အ ရှေ့တန်းက ပြန်လာတော့ တစ်လတောင်မပြည့်သေးဘူး ထပ်ပေးတယ်။ဒီတစ်ခါက ရဲ တွေရော၊ အကျဥ်းဦးစီးက ဝန်ထမ်းတွေပါတယ်။သူတို့ အနေနဲ့လည်း မတက်မဖြစ်တက်ရတာလို့ ပြော တယ်”ဟု အထင်ပါ သတင်းရင်းမြစ်က ပြောသည်။
ထိုကဲ့သို့ သင်တန်းကို ၁၀ ရက်ရန်ကုန်တိုင်းစစ် ရုံး(လုံခြုံရေးအရ မဖော်ပြ)တွင် ယခုလအတွင်း၁၀ ရက် ကြာတက်ရောက်ခဲ့ရကြောင်း အင်းစိန် အကျဥ်းဦးစီးဝန်ထမ်းက လူထုနွေဦးသို့ အတည် ပြုသည်။
“လုံခြုံရေးအရ သွားခဲ့ရတဲ့တပ်နေရာကို မပြောပေးနိုင်တာပါ။ပြည်သူ့ဆက်ဆံရေး၊စိတ်ဓာတ်စစ်ဆင်ရေးဌာနက လာတာ။ဗိုလ်မှူး အဆင့်တွေပို့ချပေးတာပါ။သူတို့ပြောတာတော့ အခုအကြမ်း ဖက်နေတာဟာ NLD ရဲ့ ပရောဂ မကင်းဘူး။မဲလိမ်ပြီး နိုင်ငံကို ဖျက်ဆီးနေတယ်ဆိုတာပါပဲ”ဟု ၎င်းက ပြောသည်။
လေတပ်များတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်( PDF)များသည်အကြမ်းဖက်နေကြောင်း ၊ထိုကြောင့်စစ်ကောင်စီတပ်ကတိုက်ခိုက်နေကြောင်းစသဖြင့် သတင်းအမှားများကိုပြော၍ ဝါဒဖြန့်ချီနေကြောင်းသတင်းရင်းမြစ်အချို့ကပြောသည်။
အကြမ်းဖက်စစ်ခေါင်းဆောင်များသည် အာ ဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းကစ၍ ယနေ့အထိ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အရှေ့ပိုင်းစသည့် ဒေသများမှ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များဆီသွားရောက်၍ တပ်မပြိုကွဲစေရန် စည်းရုံးဟောပြောခဲ့သည့် အကြိမ်ပေါင်း ၃၀ ကျော်ရှိခဲ့သည်။
အလားတူ ဒု-စစ်ခေါင်းဆောင် စိုးဝင်းမှာလည်း ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကယား(ကရင်နီ)၊ တနင်္သာရီ၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် ရခိုင်ပြည် နယ်ရှိ မြိုကြီးများအခြေ စိုက်တပ်များကို စည်းရုံးရေးဆင်း ဟောပြောခဲ့သည့်အကြိမ်ပေါင်း ၁၇ ကြိမ်ထက်မနည်း ရှိခဲ့သည်။
