တွံတေးမြို့နယ်အတွင်း အများပြည်သူသွားလာရေးခက်ခဲအောင် ဆိုင်ကယ်စီးနင်းခွင့်များအား စစ်ကောင်စီက ပိတ်ပင်းထားခြင်းအပေါ် အမြန်ဆုံးပြန်လည်ရုတ်သိမ်းခြင်းမရှိပါက အုပ်ချုပ် ရေးအဖွဲ့ဝင်များနှင့် ၎င်းတို့မိသား စုဝင်များကိုပါ အစုလိုက်အပြုံလိုက် အရေးယူဆောင် ရွက်မှုများ လုပ်ဆောင်သွားမည်ဟု မြို့ပြပြောက်ကျားအဖွဲ့-တွံတေးက ယနေ့(သြဂုတ် ၂၉)တွင် သတိပေးချက် ထုတ်ပြန်လိုက်သည်။
လက်နက်စွဲကိုင်ထားသော အကြမ်းဖက်စစ်တပ် သည် အပြစ်မဲ့ပြည်သူအား ဦးတည်တိုက်ခိုက်သည့် အောက် တန်းကျသည့်လုပ်ရပ်အား ပြူမူလုပ်ဆောင် လျှက်ရှိပြီး အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးနှိပ် စက်ခြင်း၊ သတ် ဖြတ်ခြင်းများကျူးလွန်လျှက်ရှိသည့်အပြင် အများပြည်သူစားဝတ်နေရေးနှင့် သွားလာရေးခက်ခဲစေရန် ဆိုင်ကယ်စီးနင်းခွင့်ပိတ်ပင်ခြင်း၊ အများပြည်သူသွားလာရေးလမ်းကြောင်းများအား ပိတ်ဆို့ခြင်းများလုပ်ဆောင်နေကြောင်း တွေ့ရသည်ဟု ဆိုသည်။
“မြို့ပေါ်တွေကို ပိတ်ဆို့စစ်ဆေးတာတွေအပြင် ရေလမ်းဆိုက်ကပ်မှုတွေကိုပါ စစ်ဆေးပိတ်ဆို့တာပါ”ဟု မြို့ပြပြောက်ကျားတပ်ဖွဲ့-တွံတေးမှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
ယခုရက်ပိုင်းမှစတင်ပြီး တွံတေးမြို့နယ်တစ်ခုလုံးနီးပါး ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားသည့်အပြင် ဆိုင်ကယ်ဘေးတွဲများကိုပါ ပိတ်ပင်သွားမည်ဟု စစ်အုပ်စုက သတင်းဖြန့်ထားပြီး မြို့ပေါ်သို့ ရေလမ်းခရီးမှ သွားလာမည့်ယာဥ်များကိုပါ ရပ်ကျေးထောက်ခံစာပါမှ သွားလာခွင့်ပြုကြောင်း အထက်ပါရဲဘော်က ရှင်းပြသည်။
“ပိတ်ပင် တားဆီးထားသော ကိစ္စရပ်များအား ပြန်လည်ရုတ်သိမ်းခြင်းမရှိပါက ဇီးဖြူကုန်းကျေးရွာ အုပ်ချုပ်ရေးမှုးခင်ညွှန့်နှင့် အပေါင်းအပါတို့အား အရေးယူသကဲ့သို့ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးများနှင့် ၎င်း၏ မိသားစုများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့နှင့် ၎င်းတို့၏ မိသားစုများ အားအစုအလိုက်အပြုံလိုက်အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းသတိပေးလိုက်သည်”ဟု ဖော်ပြသည်။
သြဂုတ် ၂၂ ရက်က မြို့နယ်ထွေအုပ်အစည်းအဝေးသွားတက်ပြီးပြန်လာသော ဇီးဖြူကုန်းအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို မြို့ပြပြောက်ကျားတပ်ဖွဲ့-တွံတေးက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ခြောက်ဦးသေဆုံးပြီး တစ်ဦးအပြင်း အထန်ဒဏ်ရာရသွားခဒ့သည်။
