မုံရွာမြို့တွင် စား၀တ်နေရေးအခက်အခဲရှိနေသောအခြေခံပြည်သူများသို့ S&C မီးဘေး စစ် ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့မှ တအိမ်ထောင်လျှင် ဆန်၁ပြည်နှင့် ကြက်ဥ ၁၀လုံး စီ နှင့် အိမ်ထောင်စု ၂၀၀ စာ မျှဝေလှူဒါန်းခဲ့သည်။
ကုန်စျေးနှုန်းကြီးမြင့်မှုများကြောင့် အခြေခံ လူတန်းစားများ၏ အကြပ်အတည်းအတွက် အနည်းငယ် အဆင်ပြေ နိုင်စေရန် ရည်ရွယ်၍ S&C မှ ယနေ့ နံနက်တွင် မျှဝေခြင်းဖြစ်ကြောင်းလည်းတာဝန်ရှိသူကပြောသည်။





“လူအရေအတွက်ကတော့ ၅၀၀ ကျော်မယ်ဗျ။ပြည်ထောင်စုလမ်းဘေးမှာအပြည့်ဘဲ။၈ နာရီမှဝေမဲ့အချိန်က မနက် ၅ နာရီကတည်းကရောက်လာကြတာ။ အစောကြီးလာကြတော့၆ နာရီခွဲလောက်မှာဝေပေးလိုက်တယ်။ ၇ နာရီခွဲလောက်မှာပြီးသွားတယ်” ဟုအဖွဲ့မှတာဝန်ရှိသူကပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မဘိန်းမြို့နယ်တွင် မဘိန်းမြို့နယ်နှင့် ကချင်ပြည်နယ် နယ်စပ်မှကျောင်းသားကလေးများကို S & C ကကျောင်းဖွင့်လှစ်၍ အခမဲ့ပညာသင်ကြားပေးနေပြီး ကျောင်းသားကျောင်းသူ ၁၈၀ ကျော်ကိုပညာသင်ကြားပေးနေသည်ကြောင်းတာဝန်ရှိသူကပြောသည်။
