စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်ထုတ်ကုန် ဒဂုံဘီယာများအား ဖျက်ဆီးခဲ့ကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ (သြဂုတ်လ ၂၆ ရက်) ထုတ်ပြန်သည်။
စစ်ကောင်စီထုက်ကုန် Boycott စာရင်းဝင်Dagon ဘီယာများအား ဖျက်ဆီးခဲ့ပြီး ကာလပေါက်စျေး ကျပ်သိန်း ၁၀၀ခန့်ရှိနိုင်ကြောင်း တန့်ဆည် (ပကဖ)က အသိပေးသည်။

ထုတ်ပြန်ချက်နှင့် ပူးတွဲပါဓာတ်ပုံတွင် ဒဂုံဘီယာဘူးများအား လမ်းပေါ်တွင် ဖြန့်ချကာ ကုန်တင်ကားကြီးဖြင့် တက်ကြိတ်ဖျက်ဆီးနေသည်ကို တွေ့ရသည်။
သို့သော် မည်သည့်နေရာ၊ မည်သည့်နေ့ရက်တွင် ပြုလုပ်ခဲ့သည်ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိပေ။
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီထုတ်ကုန်များအား သယ်ယူပို့ဆောင်ရေးချသုံးစွဲခြင်းမပြုရန် ဒေသတွင်း PDFအဖွဲ့များက တားမြစ်ထားသည်။
