Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မှော်ဘီမြို့ အမှတ်(၄)လမ်းမရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

ယနေ့ည ၈ နာရီ ၅၀ ခန့်က မှော်ဘီမြို့ အမှတ် (၄)လမ်း မကြီးရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

(ရန်ကုန်မြို့တွင် တွေ့ရသည့် စစ်ကောင်စီတပ် လုံခြုံရေးဘန်ကာတစ်ခုအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(ရန်ကုန်မြို့တွင် တွေ့ရသည့် စစ်ကောင်စီတပ် လုံခြုံရေးဘန်ကာတစ်ခုအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

▪️စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးရှိနိုင်ဟုဆို

ရန်ကုန်တိုင်း မှော်ဘီမြို့ အမှတ်(၄)လမ်းမရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးရှိနိုင်ကြောင်း မှော်ဘီအခြေစိုက် Guardians UG အဖွဲ့က ယနေ့(သြဂုတ် ၂၆) ထုတ်ပြန်သည်။

ယနေ့ည ၈ နာရီ ၅၀ ခန့်က မှော်ဘီမြို့ အမှတ် (၄)လမ်း မကြီးရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အထက်ပါဖောက်ခွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးရှိနိုင်သော်လည်း အတိအကျမသိရသေးဘဲ တော်လှန်ရေးရဲဘော်များ အောင်မြင်စွာဆုတ် ခွာနိုင်ခဲ့ကြောင်း Guardians UG အဖွဲ့က အသိပေးသည်။

“(စစ်တပ်အင်အား)ပြောရတော့ခက်တယ်ဗျ အဲဂိတ်က ကြီးတယ်။ ဘဲဥ(ယာဥ်ထိန်းရဲ)တွေရော၊ ရဲတွေရော စစ်တပ်ရော အစုံရှိတယ်။ ဂိတ်လည်း ကြီးတယ်”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက အမှတ် (၄)လမ်းမရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်အခြေအနေကို ပြောသည်။

အထက်ပါ မှော်ဘီမြို့အမှတ် (၄)လမ်းမကြီးရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို တော်လှန် ရေးအင်အားစုများက မကြာခဏတိုက်ခိုက်လေ့ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယမန်နေ့(သြဂုတ် ၂၆ ရက်)တွင် DMO PDFမှ ထူလွှီဘီလာနှင့်ငွေတောင်ရွာသစ်ကျေးရွာကို နယ်မြေရှင်းလင်းစဥ် နင်းမိုင်းများကို တူးဖော်နိုင်ခဲ့သည်ဟု ဆိုသည်။

သတင်း

"မိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်မှုအပြီး အတွင်းက အော်ဟစ်သံတွေ ကြားရတယ်။ လက်ရှိအချိန်ထိ အထိအခိုက် အကျအဆုံး သတင်းများ အရ ၄ ယောက် သေတယ်လို့ သိရတယ် " ဟု UMCD အဖွဲ့က ပြောသည်။

သတင်း

"စခများအလိုကျ ငွေတောင်းခံခြင်း၊ မီးဖျက်ခြင်းနှင့် CDM မလုပ်သော ဝန်ထမ်းများကို ထပ်မံသုတ်သင်ရှင်းလင်းသွားမည် ဖြစ်ပါသည်"ဟု ဒေါင်းစစ်သည်အဖွဲ့က ​ဖော်ပြထားထားသည်။

သတင်း

စစ်ကောင်စီထုက်ကုန် Boycott စာရင်းဝင်Dagon ဘီယာများအား ဖျက်ဆီးခဲ့ပြီး ကာလပေါက်စျေး ကျပ်သိန်း ၁၀၀ခန့်ရှိနိုင်ကြောင်း တန့်ဆည် (ပကဖ)က အသိပေးသည်။