ပခုက္ကူမြို့ ၊မြို့သစ်ချည်မျှင်နှင့်အထည်စက်ရုံ တာဝန်ခံ ဗိုလ်မှူးအိမ်ကို ယနေ့နံနက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး ဒဏ်ရာအပြင်းအထန်ရသွားပြီး ဗိုလ်မှုးကတော် သေဆုံးသွားကြောင်း Young Force ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။
မြို့သစ်ချည်မျှင်နှင့်အထည်စက်ရုံမှ တာဝန်ခံစစ်ကောင်စီတပ်မှဗိုလ်မှူး အောင်ဇော်ဦးအိမ်ကို ယနေ့(သြဂုတ်လ ၂၆ရက်) နံနက် ၆နာရီခန့်တွင် Young Force ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုတွင်ဗိုလ်မှူးအောင်ဇော်ဦးဒဏ်ရာအပြင်းအထန်ရသွားပြီး မိန်းမဖြစ်သူ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟုသိရသည်။
“ဗိုလ်မှုးအိမ်ကို ဝင်စီးတာ။ ကျွန်တော်တို့က အစကအရှင်ဖမ်းဖို့ပါ။ ဒါပေမယ့် သူက အထဲကနေခံပစ်တော့ တခါတည်းရှင်းလိုက်ရတာ။သူက ဒဏ်ရာပဲရသွားပေမယ့် သေလောက်တယ်” ဟု Young Force ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံကPeople’s Springသို့ ပြောသည်။
ဗိုလ်မှူး အောင်ဇော်ဦးသည် ၊မြို့သစ်ချည်မျှင်နှင့်အထည်စက်ရုံ၊အမှတ် (၁၁) စက်ရုံ၏ တာဝန်ခံဖြစ်သည်။သူဦးဆောင်သည့် စက်ရုံတာဝန်ခံများက ယင်းစက်ရုံမှ CDM ဝန်ထမ်းများကို နှင်ထုတ်ခဲ့ဖူးသည်ဟုလည်း Young Forceကပြောသည်။
“သူ့ကို ဘာကြောင့်ရှင်းလဲဆိုရင် အာဏာစသိမ်းတော့ ဝန်ထမ်းတွေကို သုံးရက်အတွင်း အပြီးနှင်ထုတ်တာတွေ ဘာတွေလုပ်ခဲ့တယ်” ဟုအထက်ပါပြန်ကြားရေးတာဝန်ခံက ပြောသည်။
မြို့သစ်ချည်မျှင်နှင့်အထည်စက်ရုံ တာဝန်ခံ ဗိုလ်မှူးအိမ်ကို နံနက်စောစော တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့မရောက်ခင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြန်ဆုတ်ခွာခဲ့သည်။ ထို့ပြင်း ယင်းစက်ရုံမှ ကားတစ်စီးကိုလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က သိမ်းဆည်းလာခဲ့ကြောင်းသိ့ရသည်။
အခင်းဖြစ်ရာသို့ လူနာတင်ကား၂စီးနှင့် စစ်သား၊ရဲနှင့်ပျူများ ရောက်ရှိလာကြောင်း ဒေသခံများက ပြောသည်။
