မြန်မာနိုင်ငံမှာအခြေချ နေထိုင်နေတဲ့ ဗြိတိန်သံအမတ်ကြီးဟောင်း မစ္စဗစ်ကီဘိုးမန်း တို့ လင်မယားကို မနေ့ကညပိုင်း က ရန်ကုန်နေအိမ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားပါတယ်။
မစ္စဗစ်ကီဘိုးမန်းဖမ်းဆီးခံရတာမှန်ကန်ကြောင်းကို ရန်ကုန်မြို့မှာရှိတဲ့ ဗြိတိန်သံရုံးက အတည်ပြုပေးတယ်လို့ ဘီဘီစီမြန်မာပိုင်းသတင်းဌာနကလည်း ဖော်ပြထားပါတယ်။
ဖမ်းဆီးခံရသူ ဗစ်ကီဘိုးမန်းဟာ ပြီးခဲ့တဲ့ စစ်အစိုးရ လက်ထက် မှာ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် လေးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
အမျိုးသားဖြစ်သူ ဦးထိန်လင်းကတော့ ပန်းချီပညာရှင်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်ပါတယ်။
သံအမတ်တာဝန်ထမ်းဆောင်ပြီးနောက် အငြိမ်းစားယူကာ ရန်ကုန်မြို့မှာအခြေချနေထိုင်ပြီး မြန်မာ့နိုင်ငံရဲ့ စီးပွားရေးကဏ္ဍ တာဝန်ယူမှု တာဝန်ခံမှုရှိစေရေးအထောက်အကူပြုနိုင်ဖို့ (Myanmar Centre for Responsible Business – MCRB) ကို တည်ထောင်ကာဆောင်ရွက်နေသူဖြစ်ပါတယ်။
































