စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ချင်းတွင်းမြစ်တစ်ဖက်ကမ်း ညောင်ပင်ကြီးသစ်ကွင်းကျေးရွာ မီးလောင်မှုဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။
ယနေ့ (သြဂုတ် ၂၄ ရက်) ည၉ နာရီခန့်က ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးသစ်ကွင်းရွာ မီးလောင်မှုဖြစ်ပွားနေခြင်းဖြစ်ပြီး မီးလောင်ရသည့်အကြောင်းရင်းကို မသိသေးကြောင်း ဒေသခံများက ပြောသည်။
သစ်ကွင်းနှင့်မနီးအဝေးရှိ ညောင်ပင်ကြီးရဲစခန်နှင့် မုံရွာဘက်ကမ်းမှ သေနတ်များပစ်ဖောက်နေကြောင်း ဒေသခံများက ဆိုသည်။
ညောင်ပင်ကြီးသို့ မုံရွာမြို့ရှိ စစ်ကောင်စီတပ်သည် ကမ်းနားမှ အိမ်စီးကား သုံးစီး၊ သံပြားကာကားနှစ်စီးဖြင့် ဇက်စီးကာ ကူးသွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး(ပ.က.ဖ)က အသိပေးသည်။
စစ်ကောင်စီတပ်တပ်စွဲရာ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းနှင့် လက်ပန်းတောင်းတောင်ကြေးနီ စီမံကိန်းများအား ဒေသတွင်းPDF များက မကြာခဏ လာရောက်တိုက်ခိုက်ခဲ့ဖူးသည်။
