ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာတိုက်ပွဲ၌စစ်ကောင်စီတပ်ဘက်မှနှစ်ဦးသေဆုံးကာရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဒီးမော့ဆို(DMO PDF)က ယနေ့(သြဂုတ် ၂၄ ရက်)တွင်ထုတ်ပြန်သည်။
ယမန်နေ့ (ဩဂုတ် ၂၃ ရက်)မွန်းလွှဲ ၂ နာရီခန့်ကဒေါငံခါးသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့မှာ(DMO PDF) ထောင်ထားသည့်(၁၈)မိုင်း ၃ လုံးနင်းမိ၍ အနည်းဆုံး ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။
ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ကိုကင်းထောက်သွားရောက်သည့် DMO PDF၊ အလယ်ပိုင်းတိုင်း ၁၁၀၂ ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် တို့ မွန်းလွဲ ၂ နာရီခွဲ ခန့်၌တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

“မိုင်းသံကြားလို့ သွာထောက်လှမ်းတဲ့ကင်းထောက်အဖွဲ့နဲ့ တိုက်ပွဲဖြစ်ခဲ့တာ”ဟုDMO PDFတာဝန်ရှိသူက လူထုနွေဦးသို့ ပြော သည်။
မိနစ် ၃၀ ခန့်ကြာ တိုက်ပွဲ၌ စစ်ကောင်စီ တပ် သား ၂ ဦး သေဆုံးခဲ့ကာ DMO PDF တပ်ရင်း K မှ အသက် ၄၅ နှစ်အရွယ်ရဲဘော်ဦးအေရစ်ကို မှာ လက်နက်ကြီးထိမှန်၍ ကျဆုံးခဲ့သည်။
ကျဆုံးခဲ့သော ရဲဘော် ဦးအေရစ်ကို၏ စျာပနကိုယနေ့ပြုလုပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ယခုလ တတိယအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဖရူဆိုမြို့နှင့် လွိုင် ကော်မြို့နယ်တို့မှတစ်ဆင့် ဒီးမော့ဆိုမြို့နယ်သို့တပ်အင်အားဖြည့်တင်းကာအပြင်းအထန်စစ် ကြောင်းထိုးလာနေသည်။
