Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဦး – ခင်ဦးလမ်းတွင် စစ်ကောင်စီတပ် မိုင်းထိပြီး ရမ်းသမ်းပစ်ခတ်နေ

စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ရမ်းသမ်းပစ်ခတ်နေ၍ ရေဦး – ခင်ဦး လမ်းသွားလာမှု ယာယီ ရပ်နားပေးထားကြပါရန် 𝙆𝙝𝙞𝙣 𝙐 𝙎𝙪𝙥𝙥𝙤𝙧𝙩 𝙊𝙧𝙜𝙖𝙣𝙞𝙯𝙖𝙩𝙞𝙤𝙣-𝙆𝙎𝙊က သတိပေးသည်။

(ခင်ဦးနယ်အခြေစိုက် PDFအဖွဲ့ဝင်ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - KSO)
(ခင်ဦးနယ်အခြေစိုက် PDFအဖွဲ့ဝင်ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - KSO)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှ ခင်ဦးမြို့သို့ထွက်လာသော စစ်ကောင်စီတပ်၏ ခြေလျင်စစ်ကြောင်း ယနေ့နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (သြဂုတ်၂၄ရက်) နံနက် ၇ နာရီ ၅၅မိနစ်ခန့်က ရေဦးမှ ကားနှစ်စီးအပြည့်အင်အားဖြင့် လမ်းပေါ်သို့ဆင်းကာ ခင်ဦးနယ်သို့ ခြေလျင်လာသော အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်သည် မူးမြစ်ကူးတံတားအရှေ့ဘက်တွင် မိုင်းထိခဲ့ကြောင်း 𝙆𝙝𝙞𝙣 𝙐 𝙎𝙪𝙥𝙥𝙤𝙧𝙩 𝙊𝙧𝙜𝙖𝙣𝙞𝙯𝙖𝙩𝙞𝙤𝙣-𝙆𝙎𝙊 အဖွဲ့က ပြောသည်။

မိုင်းထိပြီးနောက် စစ်ကောင်စီတပ်သည် လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် စစ်ကောင်စီတပ်သည် အင်တိုင်းလေးတောင်ရွာသို့ ဝင်ရောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ရမ်းသမ်းပစ်ခတ်နေ၍ ရေဦး – ခင်ဦး လမ်းသွားလာမှု ယာယီ ရပ်နားပေးထားကြပါရန် 𝙆𝙝𝙞𝙣 𝙐 𝙎𝙪𝙥𝙥𝙤𝙧𝙩 𝙊𝙧𝙜𝙖𝙣𝙞𝙯𝙖𝙩𝙞𝙤𝙣-𝙆𝙎𝙊က သတိပေးသည်။

ယမန်နေ့ (သြဂုတ် ၂၃ရက်) ညပိုင်းကလည်း ရေဦးမြို့ တိုင်းရင်းဆေးရုံတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် ဘေးပတ်ဝန်းကျင်ရွာများသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။

ထိုသို့ပစ်ခတ်မှုကြောင့် ရေဦးနယ် မူးသာကုန်းရွာ သုံးချက်၊ မူးမြစ်အရှေ့ဘက် ခင်ဦးနယ် မူးသာရွာ သုံးချက်၊ အင်းပတ်ရွာ သုံးချက် ကျရောက်ခဲ့ပြီး မူးသာကုန်းရှိ ဒေသခံပြည်သူ လေးဦး၊ မူးသာရွာမှ ပြည်သူ တစ်ဦးနှင့် နွားတစ်ကောင် လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ကြောင်း၊ အခြားပျက်စီးထိခိုက်မှုများလည်း ရှိနိုင်ပြီးအတည်မပြုနိုင်သေးကြောင်း 𝙆𝙝𝙞𝙣 𝙐 𝙎𝙪𝙥𝙥𝙤𝙧𝙩 𝙊𝙧𝙜𝙖𝙣𝙞𝙯𝙖𝙩𝙞𝙤𝙣-𝙆𝙎𝙊က အသိပေးသည်။

“ထင်ရာမပြေးဘဲ အကာအကွယ်ရှိသော နေရာများတွင်သာ အတတ်နိုင်ဆုံးနေကြဖို့ လိုအပ်ကြောင်း နီးစပ်မိတ်ဆွေများအား ဖုန်းသတင်းပေးကြပါ။”ဟု 𝙆𝙝𝙞𝙣 𝙐 𝙎𝙪𝙥𝙥𝙤𝙧𝙩 𝙊𝙧𝙜𝙖𝙣𝙞𝙯𝙖𝙩𝙞𝙤𝙣-𝙆𝙎𝙊က သတိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဝမ်းတွင်းမြို့နယ်ရှိ စစ်ကောင်စီတပ်သားနှင့် ရဲများသည် လမ်းသွား၊ လမ်းလာပြည်သူများကိုလည်း အဓမ္မခြိမ်းခြောက်ငွေညှစ်မှုများ မကြာခဏ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

ယမန်နေ့က AA ၏ မောင်တောပြည်သူများသို့ အသိပေးချက်တွင် စစ်ကောင်စီတပ်များ အခြေချရာ နှင့် စစ်ဆေးရေးဂိတ်များ သို့ အတက်နိုင်ဆုံးသွားလာခြင်းမပြုရန် ၊ အကယ်၍ မဖြစ်မနေ သွားလာရမည်ဆိုပါက သတိထားသွားလာကြရန် ဖော်ပြထားသည်။

သတင်း

KNU တပ်မဟာ(၅) တပ်ဖွဲ့ဝင်များသည် ဒွယ်လိုးမြို့နယ်ရှိ ဘောကျုံ့ထာ့ စခန်းငယ် ကို သိမ်းပိုက်နိုင်ခဲ့ ခြင်းဖြစ်သည်ဟု ဒေသတွင်း တာဝန်ရှိ အရာရှိတစ်ဦးကို ကိုးကား ဖော်ပြသည်။

သတင်း

သြဂုတ် ၁၉ ရက် ညနေပိုင်းတွင် လက်ပံပင်ရွာ အနီးတွင် နယ်မြေကျူးကျော်တပ်စွဲထားသော အင်အား ၁၀၀ခန့်ရှိ စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။