●လက်နက်မျိုးစုံး ၂၀ ကျော်၊ခဲယမ်းများနှင့်စစ်တပ်သုံးပစ္စည်းများစွာဖမ်းမိ
ကန့်ဘလူ၊ ကောလင်း၊ ကျွန်းလှနယ်စပ်တွင် ဖြစ်ပွားခဲ့သော ယနေ့တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ အရာရှိ၃ဦး ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းနိုင်ခဲ့ကြောင်း ကန့်ဘလူခရိုင်တပ်ရင်း (၂ )က ယနေ့ညတွင်သတင်းထုတ်ပြန်သည်။
ယနေ့ (သြဂုတ်လ၂၃ရက်)နံနက်ပိုင်းက တိုက်ပွဲတွင် ခမရ ၃၆၅မှသုံးပွင့်ဗိုလ်ကြီး ၂ ဦးနှင့် တစ်ပွင့် ဒုဗိုလ် ၁ ဦးတို့အားစစ်သုံ့ပန်းများအဖြစ် ဖမ်းဆီးရမိခဲ့ပြီး ၊လက်နက်မျိုးစုံ ၂၀ ကျော်နှင့် ခဲယမ်းမီးကျောက်များသိမ်းဆည်းရမိခဲ့ကြောင်းကန့်ဘလူခရိုင်တပ်ရင်း၂က ပြောသည်။

ကျွန်းလှနှင့် ကန့်ဘလူမြို့ကြား လက်ခုပ်ပင်ကျေးရွာအနီးတွင် ယနေ့ နေ့လည်း နှစ်နာရီခန့်က စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“စစ်ကောင်စီဘက်က ၄၀ ကျော်သေတယ်။ ၆၀ တစ်ပြောင်းတစ်ပြောင်း(၆၀မမ)နဲ့ လက်နက်ခဲယမ်းတွေရတယ်”ဟု ကန့်ဘလူမြို့နယ်မှပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
“အရင်က တိုက်ပွဲတွေမှာ စစ်–တွေ တစ်ကောင်ကျ၊ နှစ်ကောင်ကျတာမျိုး။ ဒီနေ့ကတော့ လေကြောင်းနဲ့လာပို့တဲ့ ေ–အင်အားတွေများတယ်။ ကိုယ်တွေရဲ့ သတ်ကွင်းထဲဝင်လာလို့ ဝိုင်းပတ်တိုက်ခဲ့လို့ စစ် ေ—တွေ သေတယ်ဗျ” ဟု အထက်ပါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ကဆက်ပြောသည်။
“စစ်သုံ့ပန်း law တွေအရပဲဆောင်ရွက်သွားမာပါဗျနှိပ်စက်တာတွေ အသေသတ်တာတွေရှိမှာမဟုတ်ပါဘူး။”ဟုကန့်ဘလူခရိုင်တပ်ရင်း (၂ )တာဝန်ရှိသူက ပြောသည်။

ယနေ့တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ထံမှ MA1 ၇ လက်၊ MA2 ၂လက်၊ MA3 ၇လက်၊ MA4 ၁လက်၊ ၆၀မမ ပြောင်းတို နှစ်လက်၊ RPG ၁လက် သိမ်းဆည်းရရှိခဲ့သည်။ထိုအပြင် RPG ကျည် ၂လုံး၊ MA ကျည်ဘောက် ၅၅ ဘောက်၊ ၆၀မမကျည် ၁၈လုံး၊ 5.56 ကျည် ၁၈၆၇ တောင့်၊ ၄၀မမ ကျည် ၆လုံး၊ အီနာဂါ ၄ လုံး၊ ဦးထုပ် ၆ လုံး၊ နင်းမိုင်း ၅လုံး၊ ICON ၅ လုံး၊ လက်လုပ်တူမီး ၁လက်၊ လက်လုပ်တစ်ထောင့်ထိုး ၁ လက်၊ မီးကျည် ၂ ထောင့်၊Jumper ၁ ခု၊ မပတ ၂ ခု၊ 84 mm ပြောင်း ၁ လက်၊ 84 mm ၂ ခု၊ MA ပစ္စတို ၁လက် ၊ဘောက် ၂ ခု သိမ်းဆည်းရမိခဲ့သည်ဟု ကန့်ဘလူခရိုင်တပ်ရင်း၂က အသိပေးသည်။
ယနေ့ သြဂုတ်လ၂၃ရက်နေ့ နံနက် ၉ နာရီ ၁၅မိနစ်ခန့်က ကန့်ဘလူမြို့နယ်၊ ချပ်သင်းကျေးရွာဘက်မှ လက်ခုပ်ပင်နှင့် အောင်ချမ်းသာကျေးရွာအတွင်းသို့ ထိုးစစ်ဆင်လာသော အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းအား ကန့်ဘလူခရိုင်တပ်ရင်း – ၂နှင့် ဒေသတွင်း PDFများက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီတပ်ကအထိနာသဖြင့် Mi-35 နှစ် စီး Mi-17 တစ် စီး၊Jet Fighter တစ်စီးဖြင့် နှစ်ကြိမ်တိုင်လေကြောင်းမှပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထိုအကြမ်းဖက်စစ်တပ်သည် ယမန်နေ့ သြဂုတ်လ ၂၂ရက်နေ့ ညနေ ၄ နာရီခန့်က ကောလင်း၊ ကျွန်းလှ၊ ကန့်ဘလူနယ်စပ်ရှိ ညောင်ကုန်းရွာကိုဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး အိမ်အလုံး(၃၀) မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
