ဒီနေ့မနက်ပိုင်းက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ယဉ်ပျံရပ်မှာ သေနတ်နဲ့ပစ်ခတ်ခံလို့ သေဆုံးသွားသူ လင်မယားဟာ စစ်ကောင်စီလက်အောက်ခံ စီအိုင်ဒီက ရဲမှူး လင်မယား မဟုတ်ကြောင်း ဒေသခံတွေဆီကသိရပါတယ်။
သေဆုံးသွားသူလင်မယားဟာ အရပ်သားတွေဖြစ်ပြီး ၁၀ နှစ်အရွယ်သမီးဖြစ်သူကို ဆိုင်ကယ်နဲ့ ကျောင်းပို့ပြီးအပြန်မှာ ပစ်ခတ်ခံရလို့ပွဲချင်းပြီးသေဆုံးသွားရတာပါ။
သေဆုံးသွားတဲ့လင်မယားမှာ အမျိုးသားဟာ အသက် ၄၃ နှစ်အရွယ် ဦးစည်သူကိုကိုဖြစ်ပြီး အထည်ရောင်းတာကို လုပ်ကိုင်သူဖြစ်ကာ ဇနီးဖြစ်သူက အသက် ၃၈ နှစ်အရွယ်ရှိပြီး ဟိုတယ်ဝန်ထမ်းဖြစ်တယ်လို့စုံစမ်းသိရပါတယ်။
အခင်းဖြစ်တဲ့နေရာကရုပ်အလောင်းတွေကို လူမှုကူညီရေးကားနဲ့ ဆေးရုံဆီ သယ်ဆောင်သွားတယ်လို့သိရပါတယ်။
