Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခြံအမှတ် ၅၄ အမွေအမှု ဦးအောင်ဆန်းဦးကို စစ်ကောင်စီတရားရုံးအနိုင်ပေး

၂၀၁၁ ခုနှစ်ကတည်းက အငြင်းပွားလာတဲ့ အိမ်အမွေ အမှုကို ၂၀၁၆ ခုနှစ်မှာတော့ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက အပြီးသတ်အမိန့်ချထားပြီးပါပြီ။

ဓာတ်ပုံ - ရိုက်တာ၊အေပီ
ဓာတ်ပုံ - ရိုက်တာ၊အေပီ

အိမ်နဲ့ခြံကို လေလံပစ်ပြီး တဝက်စီခွဲယူဖို့ ဦးအောင်ဆန်းဦး ဆန္ဒရှိနေ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ကြားအငြင်းပွားနေတဲ့ ရန်ကုန်တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် ၅၄ အမွေအမှုမှာ စစ်ကောင်စီတရားရုံးက ဦးအောင်ဆန်းဦး တောင်းဆိုချက်အတိုင်း ခွင့်ပြုဖို့ ဆုံးဖြတ်လိုက်ကြောင်းသိရပါတယ်။

အဲဒီတရားရုံးနဲ့နီးစပ်သူတစ်ဦးက “ဦးအောင်ဆန်းဦးရဲ့ တောင်းဆိုချက်ကို တရားရုံးကခွင့်ပြုလိုက်တယ်” လို့ ပြောပါတယ်။

၂၀၁၁ ခုနှစ်ကတည်းက အငြင်းပွားလာတဲ့ အိမ်အမွေ အမှုကို ၂၀၁၆ ခုနှစ်မှာတော့ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက အပြီးသတ်အမိန့်ချထားပြီးပါပြီ။

ဓာတ်ပုံ - ရိုက်တာ၊အေပီ
ဓာတ်ပုံ – ရိုက်တာ၊အေပီ

တရားရုံးရဲ့ အမိန့်မှာ မြေအကျယ်အဝန်း ၂ ဧက နီးပါးရှိတဲ့ ဒေါ်ခင်ကြည်အမည်ပေါက် တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ က ၂ထပ်အိမ်နဲ့ မြေတဝက်ကို ဒေါ်အောင်ဆန်းစုကြည် က ယူပြီး ၁ ထပ်တိုက်နဲ့ မြေတဝက်ကို ဦးအောင်ဆန်းဦး ယူဖို့ ပါရှိတာပါ။

ဒီအမိန့် ကို ဦးအောင်ဆန်းဦးက ကျေနပ်မှု မရှိဘဲ အိမ်နဲ့ခြံကို လေလံပစ်ကာ တဝက်စီ ခွဲယူဖို့ ဆန္ဒရှိကြောင်းအဲဒီအချိန်က မီဒီယာတွေကိုပြောခဲ့ဖူးပါတယ်။

ဒါကြောင့် ဦးအောင်ဆန်းဦးက အယူခံအဆင့်ဆင့် တက်ခဲ့ပေမယ့် အထက်ရုံးတွေဟာ အောက်ရုံးက ဆုံးဖြတ်ချက်အတိုင်းအတည်ပြု ပြီး အယူခံကို ပယ်ချခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ဦးအောင်ဆန်းဦးဟာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို အယူခံတက်လာပြီး အဲဒီတရားရုံးကလည်းအမှုကိုလက်ခံကြားနာဖို့ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီနောက် ဒီနေ့မှာတော့ ဦးအောင်ဆန်းဦး အယူခံတောင်းဆိုချက်အတိုင်းအမှုကို အမိန့်ချလိုက်တာလည်းဖြစ်ပါတယ်။

ဒီအမွေအမှုကို စစ်ကောင်စီ တရားရုံးက ဆုံးဖြတ်အမိန့်ချတဲ့အချိန်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး ပုဒ်မမျိုးစုံတပ်ကာ နေပြည်တော်အချုပ်ထောင်မှာအကျဉ်ချထားတဲ့ကာလလည်းဖြစ်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲအတွင်း ကော်ဘရာစစ်သည်တစ်ဦး ကျဆုံးခဲ့ရပြီး သုံးဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

သတင်း

တိုက်ပွဲတွင် စစ်ကောင်စီတပ်သားတစ်ဦးသေကာနှစ်ဦးဒဏ်ရာအပြင်းအထန်ရရှိပြီး PRA မှ ရဲဘော်တစ်ဦးလည်း ဒါဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းအသိပေးထားသည်။

သတင်း

ယနေ့တိုက်ပွဲ၌ ပူးပေါင်းတပ်ဖွဲ့မှ PDF ရဲဘော် ၄ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်က ဘန့်ဘွေးကုန်းရွာကို မီးရှို့နေသည်ဟုဆိုသည်။

သတင်း

ယနေ့တိုက်ပွဲ၌ ပူးပေါင်းတပ်ဖွဲ့မှ PDF ရဲဘော် လေးဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်က ဘန့်ဘွေးကုန်းရွာကို မီးရှို့နေသည်ဟု ဆိုသည်။