စစ်ကိုင်းတိုင်း ကသာမြို့နယ် ဘန့်ဘွေးကုန်းရွာ၌ ယနေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၃၀ခန့် သေဆုံးခဲ့ကြောင်း မြေပြင်ပြည်သူများနှင့်ရှေ့တန်းရဲဘော်များက သတင်းပေးပို့လာ သည်ဟု ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်သည်။
ကသာမြို့နယ် ဘန့်ဘွေးကုန်းရွာ၌ တပ်စွဲထားသည့် အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်အား ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၁၂) လက်အောက်ခံ ကချင်ဒေသPDF နှင့် ကသာ(ပကဖ)၊ တိုက်နယ်နှင့် ရပ်ကျေး(ပကဖ)များ ပူးပေါင်းတပ်ဖွဲ့က ယနေ့တွင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က အထိနာ၍ လက်နက်ကြီးပစ်ကူ၊ လေးကြာင်း ပစ်ကူများ အသုံးပြု တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ တိုက်ပွဲ၌ သေဆုံးသွားသည့် စစ်ကောင်စီတပ် အလောင်းများကို ဘန့်ဘွေးကုန်းဆိပ်ကမ်း၌ သံခွန်ရေယာဉ်ငယ်ဖြင့်ထပ်တင်၍ လာရောက်သယ်ယူသွားကြောင်း ကသာ(ပကဖ) က ထုတ်ပြန်သည်။
ယနေ့တိုက်ပွဲ၌ ပူးပေါင်းတပ်ဖွဲ့မှ PDF ရဲဘော် လေးဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်က ဘန့်ဘွေးကုန်းရွာကို မီးရှို့နေသည်ဟု ဆိုသည်။
