ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း(၁)၏ အထူးတိုက်ခိုက်ရေးသင်တန်း အပတ်စဥ် (၁)သင်တန်းဆင်းပွဲကို ယမန်နေ့က ကျင်းပခဲ့ကြောင်း ယနေ့ (သြဂုတ် ၂၂ရက်) ထုတ်ပြန်သည်။
အဆိုပါသင်တန်းဆင်းပွဲကို သြဂုတ် ၂၁ရက် နေ့ လယ် ၂ နာရီတွင် ကျင်းပခဲ့ပြီး သင်တန်းဆင်းပွဲသို့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က သဝဏ်လွှာပေးပို့ခဲ့ကြောင်း ဖော်ပြသည်။




“အထူးတပ်သားအနေနဲ့ တစ်လတိတိ သင်တန်းပေးတာပါ။ အခြေခံရှိပြီးသား ရဲဘော်တွေကိုပဲပေးတာ။ အခြေခံစစ်သင်တန်းတွေကျ ၄၅ ရက် ဗျ”ဟု ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ရဲဘော်တစ်ဦးက ပြောသည်။
အထက်ပါ အထူးတိုက်ခိုက်ရေးသင်တန်းဆင်းပွဲတွင် ကာ ကွယ်ရေးဝန်ကြီးပေးပို့သော သဝဏ် လွှာအား ဖတ်ကြားခြင်း၊ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်း၊ အလံ တော်နမ်းခြင်းနှင့် သစ္စာရေသောက်ခြင်း၊ ထူးချွန်သင်တန်းသားများအား ဆုချီးမြှင့်ခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။
