Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်က ပုလဲမြို့နယ် ကျေးရွာသုံးရွာသို့ စစ်ကြောင်းထိုးပြီး ဒေသခံများအား ရိုက်နှက်စစ်ဆေးနေ

ဒေသခံများ ဘေးလွတ်ရာထွက်ပြေးနေရပြီး ပြည်သူအချို့ ဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။

(ရန်ကုန်မြို့တွင် တွေ့ရသော စစ်ကောင်စီတပ် အရာရှိတစ်ဦး၊ဓာတ်ပုံ - အီးပီအေ)
(ရန်ကုန်မြို့တွင် တွေ့ရသော စစ်ကောင်စီတပ် အရာရှိတစ်ဦး၊ဓာတ်ပုံ - အီးပီအေ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း လယ်ဓမ္မအပါအဝင် ကျေးရွာသုံးရွာသို့ စစ်ကောင်စီက လေကြောင်းမှ အင်အားအမြောက်အများချသွားပြီး ဒေသခံများအား ရိုက်နှက်စစ်ဆေးနေသည်ဟု သတင်းရရှိသည်။

ပုံတောင်အနီးတွင် တည်ရှိပြီး ပုလဲ-ဂန့်ဂေါလမ်းဘေးရှိ လယ်ဓမ္မရွာ၊ပေပင်ရွာ ၊ထန်းကင်းကြီးကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယနေ့(သြဂုတ်လ ၂၁ရက်)ရောက်ရှိလာကာ ဒေသခံများအား ရိုက်နှက်စစ်ဆေးနေကြောင်း ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” မနေ့က Mi 17 သုံးစီးနဲ့ လူလာချသွားတယ်။ အင်အားတော်တော်များတယ်။ ဒီနေ့တော့ ရွာသားအချို့ကို ရိုက်နှက် နှိပ်စက်ပြီး စစ်နေတယ်။ ဒေသခံတွေ တိမ်းရှောင်ဖို့ လိုနေတယ်”ဟု ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၆) အရာရှိ ကိုမောင်က ပြောသည်။

အထက်ပါ ကျေးရွာသုံးရွာကို စစ်​ကောင်စီက စစ်​ကြောင်းသုံးကြောင်းခွဲ၍ ဝင်ရောက်နေသည်ဟု ကိုမောင်က ပြောသည်။ ဒေသခံများ ဘေးလွတ်ရာထွက်ပြေးနေရပြီး ပြည်သူအချို့ ဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါ မစ်ရှစ်တွင် ဆားလင်းကြီးအခြေစိုက် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)မှ ပြည်သူ့ရဲဘော် နှစ်ဦးထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရခဲ့ပြီး ကျည်ဘောက် ၃ခု ကျကျန်ဆုံးရှုံးခဲ့ကြောင်း အသိပေးသည်။

သတင်း

ယခင် ပိတ်ထားသည့် မောင်တော - ဘူးသီးတောင်ကားလမ်းကို ပြန်လည် အသုံးပြုခွင့်ပေးသော်လည်း အစစ်အဆေးများပြားကြောင်း ဒေသခံက ပြောသည်။

သတင်း

"ရပ်ကွက်ထဲက လူငယ်တွေပါ ပါတယ်ဗျ။ ရာအိမ်မူးက ဦးဆောင်တာပါ အဓိကကတော့။ ရာအိမ်မှူး တွေကိုလည်း စကားပြောစက်တွေ ပေးထားပါတယ်။ သေနတ်တော့ မပေးကိုင်ထားဘူး"ဟု SPTUG အဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

သတင်း

ယခုတွင်မှု မိသားစုကို စွန့်ပစ်ပြီး တော်လှန်ရေးပြီးမြောက်ရန် ပြည်သူဘက်က ဝိုင်းဝန်းပူးပေါင်း ရပ်တည်မည်ဟု ဆုံးဖြတ်၍ CDM ပြုလုပ်ခဲ့ခြင်းဟု ၎င်းတို့က ဆိုသည်။