အဝေးပြေးကားလက်မှတ်ရောင်းချရာမှာ ခရီးသွားမယ့်သူရဲ့ ကိုယ်ရေးအချက်အလက်အပြည့်အစုံကို ရယူထားဖို့ စစ်ကောင်စီက ကားလက်မှတ်ရောင်းချတဲ့ဂိတ်တွေကို ညွှန်ကြားလိုက်ပါတယ်။
ကားလက်မှတ်ရောင်းချတဲ့အခါ ခရီးသည်အမည် ၊ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ ရယူထားပြီးမှ လက်မှတ်ရောင်းရမယ်လို့ စစ်ကောင်စီရဲ့ ညွှန်ကြားချက်မှာ ပါရှိပါတယ်။
လမ်းခုလတ်ကနေ လိုက်ပါမယ့် ခရီးသည်တွေကိုလည်းအလားတူ အချက်အလက်ကောက်ခံရမယ်လို့ သိရပါတယ်။
ခရီးသွား ကားပေါ်တက်တဲ့အခါမှာလည်း ဝယ်ယူထားတဲ့ခုံနံပါတ်နဲ့ မှတ်ပုံတင် ကိုက်ညီမှု ရှိမရှိကို တိုက်စစ်ရမယ်လို့ စစ်ကောင်စီက တင်းကျပ်လိုက်ပါသေးတယ်။
ဒီညွှန်ကြားချက်ကို ရတနာပုံတံတား စစ်ကောင်စီဂိတ်မှာ အဝေးပြေးကားကိုစစ်ဆေးချိန် ကားပေါ်မှာပါလာတဲ့ PDF တပ်ဖွဲ့ဝင်တွေနဲ့ ပစ်ခတ်မှုဖြစ်စဉ်အပြီး နောက်တစ်ရက်သြဂုတ်လ ၁၈ ရက်မှာစစ်ကောင်စီဘက်ကထုတ်လိုက်တာလည်းဖြစ်ပါတယ်။
