အာဏာသိမ်းပြီးနောက် အသစ်ပြန်ဖွဲ့ထားတဲ့ ဗဟိုဘဏ် ရဲ့ ဥက္ကဋ္ဌ နဲ့ ဒုဥက္ကဋ္ဌတွေကို စစ်ကောင်စီက အနားပေးလိုက်ပြီး သေနတ်နဲ့ပစ်ခတ်ခံရသူ ဒု ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကို ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် စစ်ကောင်စီက ခန့်အပ်လိုက်ပါတယ်။
စစ်ကောင်စီသြဇာခံ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသိန်းညိမ်းနဲ့ဒုဥက္ကဋ္ဌ ဦးဝင်းသော်တို့ ကို စစ်ကောင်စီကအနားပေးလိုက်တာပါ။
အဲဒီနောက်လစ်လပ်သွားတဲ့ ဥက္ကဋ္ဌ နေရာမှာ ဒုတိယ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကိုအစားထိုးခန့်အပ်ပါတယ်။
ဒေါ်သန်းသန်းဆွေဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်း ရန်ကုန်ကနေအိမ်မှာ သေနတ်နဲ့ပစ်ခတ်ခံရလို့မင်္ဂလာဒုံစစ်ဆေးရုံမှာ ကုသမှုခံယူခဲ့ရသူဖြစ်ပါတယ်။
