ရေးမြို့နယ်အတွင်း သွားလာမည့်ကားများအနေဖြင့် စစ်ကောင်စီကားများနှင့်ခပ်ဝေးဝေးမောင်နှင်ရန်အပါအဝင် အချက် သုံးချက်ကို ရေးပြောက်ကျားတပ်ဖွဲ့က သြဂုတ် ၁၈ ရက်ကထုတ်ပြန်သတိပေးသည်။
ကားမှန်များချမောင်းနှင်ရန်၊ စတေကာအမဲများကပ်ထားပါက ခွာထားကြရန်၊ ယာဉ်များတွင် အမိုးအကာများ ဖုံးကာထားခြင်းမပြုရန်နှင့် စစ်ကောင်စီတပ်ကားများ၊ စစ်ကောင်စီယာဉ်ဟု ထင်မြင်ရသည့် ယာဉ်များကို တွေ့ရှိပါက ကပ်မလိုက်ရန်နှင့်ယှဉ်တွဲသွားလာခြင်းမပြုရန်သတိပေးထားခြင်းဖြစ်သည်။
အဆိုပါထုတ်ပြန်ချက်များသည် အိမ်စီးကား၊ ခရီးတင်ကားနှင့်ကုန်တင်များအတွက်ဖြစ်ပြီး သတိပေးချက်ကို လိုက်နာကြရန်လည်း ရေးပြောက်ကျားတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။
အထက်ပါသတ်မှတ်ချက်များအတိုင်း ရေးမြို့နယ် သံဖြူဇရပ်မှ တနင်္သာရီတိုင်း မလွဲတောင်အထိမောင်းနှင်ရမည်ဟုလည်းအသိပေးထားသည်။
ရေးမြို့နယ်သည် မွန်ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို အပြင်းအထန်ခုခံတော်လှန်နေသောဒေသအချို့ထဲမှတစ်ခုဖြစ်သည်။
