မန္တလေး ကျောက်လောကမှာ နာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်တဲ့ မြန်မာသူရကျောက်မျက်ကုမ္ပဏီအဆောက်အဦးနဲ့နေအိမ် ကိုစစ်အုပ်စုက မနေ့က ချိတ်ပိတ်သွားတယ်လို့သိရပါတယ်။
PDFနဲ့ဆက်စပ်တယ်ဆိုပြီး စစ်အုပ်စုက ချမ်းအေးသာစံမြို့နယ် ၅၂လမ်း၊ ၃၃လမ်းနဲ့ ၃၂လမ်းရှိ ကုမ္ပဏီအဆောက်အဦးနဲ့ နေအိမ်ကို ချိတ်ပိတ်သွားတာပါ။
မြန်မာသူရကျောက်မျက်ကုမ္ပဏီဟာ နှစ်ပေါင်း၁၅နှစ်ခန့် သက်တမ်းရှိ နာမည်ရကျောက်မျက်ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
ပိုင်ရှင်အနေနဲ့ မန္တလေးမှာနေထိုင်ခြင်းမရှိဘဲ ဝန်ထမ်းတွေနဲ့သာ ထားရှိတယ်လို့ သိရပါတယ်။ ချိတ်ပိတ်ခံထားရတဲ့နေရာတွေအနီးမှာ စစ်အုပ်စုက ကင်းပုန်းဝပ်ပြီး စောင့်ကြည့်နေပါတယ်။
