စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ရှိ ကိုးတောင်ဘို့ကျေးရွာတွင် ယမန်နေ့ည တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က ပစ်ခတ်၍ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး စစ်ကောင်စီလက်နက်ကြီးကျည်ကြောင့် အရပ်သားအမျိုးသမီးနှစ်ဦး သေဆုံးခဲ့သည်။
ယမန်နေ့(သြဂုတ် ၁၈ရက်) ည ၉နာရီနှင့် ၁၀နာရီကြားတွင် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ် ရေးမဟာမိတ်အဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“စစ်ကောင်စီက မြေပြင်တိုက်ပွဲမှာ ခံနေရတော့ စစ်တပ်ကုန်းကနေ လက်နက်ကြီးနဲ့ ပစ်ကူပေးတာ။ကိုးတောင်ဘို့ဘူတာအနီးကို လက်နက်ကြီးကျတာ။ အမျိုးသမီးနှစ်ယောက် သေဆုံးသွားပါတယ်” ဟု ကိုးတောင်ဘို့ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်မှုများ ပိုပြုလုပ်လာပြီး အင်ငုတ္တိုရွာနှင့် ပင့်သာရွာကို မိးရှို့ဖျက်ဆီးနေကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက သတင်းထုတ်ပြန် ထားသည်။
လတ်တလောတွင် ကိုးတောင်ဘို့ကျေးရွာအတွင်း တိုက်ပွဲပြန်ဖြစ်လာနိူင်၍ ဒေသခံများတိမ်းရှောင် နေထိုင်သင့်ကြောင်း ကိုးတောင်ဘို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။
