မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းတွင် စစ်ဘေးသင့်မီးဘေးသင့်ပြည်သူသောင်းချီရှိနေပြီးမိုးတွင်းကာလဖြစ်၍ နေထိုင်စားသောက်ရေးအခက်အခဲများကြုံတွေ့နေရကြောင်းပေါက်တောင်ပိုင်းပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ပြောသည်။
ပေါက်နယ်တောင်ပိုင်းသည်စစ်ကောင်စီတပ်၊ပျူများနှင့်ဒေသခံPDFများ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အကြမ်းဖက်စစ်တပ်က ကျေးရွာ ပေါင်း၂၀ ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သည်။
စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပေါက်နယ်တောင်ပိုင်းတွင် စစ်ဘေးနှင့် မီးဘေးသင့်ပြည်သူ တစ်သောင်းကျော်ရှိနေပြီး ယခုမိုးတွင်းတွင် နေထိုင်စားသောက်ရေး များစွာဒုက္ခရောက်နေကြောင်း ပေါက်တောင်ပိုင်းပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ပြောသည်။

သြဂုတ်လ ၁၇ရက်နေ့က ပေါက်မြို့နယ်လုံးဆိုင်ရာ ပ.က.ဖ ၏ လမ်းညွှန်ချက်အရ ဇုန်(၂) ပ.က.ဖ ၊ပေါက်တောင်ပိုင်းပြည်သူ့လုံခြုံရေး တပ်ဖွဲ့တို့ ပူးပေါင်း၍ မီးဘေးသင့်ပြည်သူများ အား တစ်အိမ်ထောင်လျှင် ၄၈၀၀ကျပ် နှုန်းဖြင့်မီးရှို့ ခံ ကျေးရွာ(၄)ရွာခန့်အား သွားရောက်လှူဒါန်းခဲ့သည်ဟု ပေါက်တောင်ပိုင်းပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ပြောသည်။
ပေါက်တောင်ပိုင်းတွင် စစ်ဘေးသင့် မီးဘေးသင့်ပြည်သူများ ယခု မိုးတွင်းကာလတွင် နေထိုင်စားသောက်ရေး များစွာခက်ခဲနေ၍ စစ်ဘေးသင့် မီးဘေးသင့်ပြည်သူများအား ပါဝင်လှူဒါန်းပေးပါရန် ၎င်းအဖွဲ့က မေတ္တာရပ်ခံထားသည်။
ပါဝင်လှူဒါန်းလိုပါက ပေါက်မြို့နယ် ပ.က.ဖ၊ ပ. လ.ဖတို့၏ ဖေ့ဘွတ်ခ်စာမျက်နှာများနှင့် ဖုန်း၀၉၄၂၄၄၂၉၁၀၊ ၀၉၄၄၅၉၈၄၉၉၁ တို့ထံဆက်သွယ်လှူဒါန်းနိုင်ကြောင်း ပေါက်တောင်ပိုင်းပြည်သူ့လုံခြုံရေးတပ်ဖွဲ့က အသိပေးထားသည်။
