ရန်ကုန်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့နယ်တော်တော်များများ၌ ရေကြီးရေလျှံမှုများဖြစ်ခဲ့သည်။
ယနေ့နေ့လည်ပိုင်းတွင် မိုးဖွဲဖွဲသာရွာခဲ့သောကြောင့် နေရာတော်တော်များများ၌ ရေကျသွားသော်လည်း မရမ်းကုန်းမြို့နယ် သမိုင်းဘူတာရုံလမ်းတစ်လျှောက်၌ ဘုရင့်နောင်လမ်းဆုံအထိ ရေများတင်ကျန်နေဆဲဖြစ်သည်။




ပလက်ဖောင်းပေါ်အထိ ရေများရှိနေသေးသောကြောင့် လမ်းသွားလမ်းလာများ အတွက် အခက်အခဲများရှိခဲ့သည်။
မနက်ပိုင်းကမူ ရေကြီးရေလျှံမှုများကြောင့် ကားလမ်းများလည်းဆိုးဆိုးရွားရွာ ပိတ်ဆို့မှုကြုံခဲ့ရသည်။





“မနက်က ရုံးလာတာ ရှစ်မိုင်လမ်းဆုံမှာတင် နှစ်နာရီလောက်ကြာတယ်။” ဟု YBS-19 စီး၍ ရုံးသွားသည့်ခရီးသည်တစ်ဦးကပြောသည်။
