စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ရွာ၌ တပ်စွဲထားသောစစ်ကောင်စီတပ်နှင့်ပျူစောထီးများကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Kotaungbo Revolution KTB-Rအဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့ (သြဂုတ်လ၁၆ရက်) ည၉ နာရီခွဲခန့်ကကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ရွာတွင် အထိုင်ချတပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်နှင့်ပျူများကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ကျဆုံးမှုမသိရသေးကြောင်း KTB-Rအဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
“ည၁၀နါရီအချိန်ခန့်တွင် ကိုးတောင်ဘို့ရွာတွင် အထိုင်ချထားသောေ-ွးများအား ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။တိုက်ပွဲကြာချိန်မှာ ၄နာရီခန့်ကြာပြီး မနက် ၂: ၀၀ AM ခန့်တွင်ေ -ွးများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ပါသည်။ ေ-ွးမည်မျှဂိန်သည်ကိုအတိအကျမသိရှိရသေးပါ” ကိုးထောင်ဘို့PDF (Eagle)ကလည်းထုတ်ပြန်သည်။
ကန့်ဘလူ့အခြေစိုက် KB2တပ်ခွဲ-၁မှ တပ်စိပ် ၃ စိပ်ဖြင့်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်းအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ဒေသသည် အကြမ်းဖက်စစ်တပ်အား ခုခံတိုက်ခိုက်မှုအားကောင်းသောဒေသတစ်ခုဖြစ်သည်။ အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်မှု၊ မီးရှို့ဖျက်ဆီးမှုများလည်း မကြာခဏ ခံခဲ့ရသောဒေသဖြစ်သည်။
