စစ်အုပ်စုမှ အနည်းဆုံးငါးဦးထိခိုက်သေဆုံးကြောင်း မြန်မာ့တော်ဝင်နဂါး တပ်တော်ပြော
ပုလဲမြို့နယ်၊ အင်မထီးကျေးရွာရှိ စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းစခန်းကို ရှော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အနည်းဆုံးငါးဦးထိခိုက်သေဆုံးကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)က ယနေ့(သြဂုတ် ၁၇ ရက်) ထုတ်ပြန်သည်။
တိုက်ခိုက်မှုဖြစ်စဥ်အရ ယမန်နေ့(သြဂုတ် ၁၆ ရက်) ည ၆ နာရီ ခွဲခန့် ၃၀ မှ ၇နာရီခန့်အထိ စစ်ကောင်စီပူးပေါင်းစခန်းကို ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းဖြစ်သော မြန်မာ့တော်ဝင်နဂါး တပ်တော်(M.R.D.A)တပ်ရင်း(၄ ) မှ ရှော့ကတ် ၃၅လုံး ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
နောက်ဆက်တွဲအဖြစ် ပျူစောထီးစခန်းမှ အနည်းဆုံး ငါးဦး အင်အားလျော့သွား ကြောင်း MRDA က အသိပေးသည်။
အဆိုပါ တိုက်ခိုက်မှုတွင် မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A)မှ ရဲဘော်များအားလုံး ထိခိုက်ဒဏ်ရာ မရှိဘဲ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း လည်း ဖော်ပြသည်။
ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A)သည် MOD (NUG) လက်အောက်ခံ တပ်ရင်း(၄)ရင်းရှိပြီး ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် (၃)၊ အမှတ် (၄)၊ အမှတ် (၅)၊ အမှတ် (၆)တို့ ဖြစ်သည်။
ထို့အပြင် ဗိုလ်နဂါးဦးဆောင်သည့် မြန်မာတော်ဝင်နဂါးတပ်တော် (M.R.D.A)၏ တပ်ရင်းအား လုံးသည် ကာကွယ်ရေးဝန်ကြီးဌာန(MOD)၏ လမ်းညွှန်ချက်များနှင့်အတူ လုပ်ဆောင်လျက်ရှိ ကြောင်းလည်း အသိပေးသည်။
သြဂုတ် ၁၃ရက်ကလည်း ပုလဲအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များစုပေါင်း၍ ပုလဲမြို့ပေါ်ထိ ဝင်စီးကာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်ထား သည်။
အဆိုပါတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သားသုံးဦး အင်အားလျှော့ချနိုင်ခဲ့ပြီး နှစ်ဦးထိခိုက် ဒဏ်ရာရကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ပြောသည်။
