Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

က​လေးမြို့ရှိ ပြောက်ကျားစခန်းစီးနင်းခံရပြီး အနီးရှိ လယ်သမားနှစ်ဦးကို စစ်ကောင်စီ သတ်ဖြတ်သွား

စစ်​ကောင်စီတပ်စစ်​ကြောင်းသည် စခန်းအနီး လယ်လုပ်​နေသည့် ရွာသား နှစ်ဦးကို အ​ကြောင်းမဲ့ ပစ်သတ်သွားသည်ဟု PDF က​လေးက ထုတ်ပြန်သည်။

(စစ်ကောင်စီတပ် ဖျက်ဆီးသွားသော UG အဖွဲ့စခန်းနှင့် သတ်ဖြတ်ခံရသည့် လယ်သမားနှစ်ဦး၏ ရုပ်အလောင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - People’s Defence Force - Kalay - Battalion 02)
(စစ်ကောင်စီတပ် ဖျက်ဆီးသွားသော UG အဖွဲ့စခန်းနှင့် သတ်ဖြတ်ခံရသည့် လယ်သမားနှစ်ဦး၏ ရုပ်အလောင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - People’s Defence Force - Kalay - Battalion 02)

က​လေးမြို့နယ်အတွင်းရှိ ​‌ပြောက်ကျားတပ်ဖွဲ့(UG)စခန်းတစ်ခုကို အင်အား ၅၀ပါသည့် စစ်​ကောင်စီ တပ်က ဝင်​ရောက်စီးနင်းရာ ရိုင်ဖယ်တစ်လက် အပါအဝင်ပစ္စည်းအချို့ ဆုံးရှုံးခဲ့​ကြောင်း PDF က​လေး တပ်ရင်း (၂)က သတင်းထုတ်ပြန်သည်။

စစ်​ကောင်စီတပ်စစ်​ကြောင်းသည်‌ ပြောက်ကျားစခန်းတစ်ခုကို ယ​နေ့ နံနက် ၆နာရီခန့်တွင် ဝင်​ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ​ပြောက်ကျားရဲ​ဘော်များ ​ဘေးကင်းစွာလွတ်​မြောက်ခဲ့သည်ဟု အသိပေးထားသည်။

စစ်​ကောင်စီတပ်စစ်​ကြောင်းသည် စခန်းအနီး လယ်လုပ်​နေသည့် ရွာသား နှစ်ဦးကို အ​ကြောင်းမဲ့ ပစ်သတ်သွားသည်ဟု PDF က​လေးက ထုတ်ပြန်သည်။

(စစ်ကောင်စီတပ် ဖျက်ဆီးသွားသော UG အဖွဲ့စခန်းနှင့် သတ်ဖြတ်ခံရသည့် လယ်သမားနှစ်ဦး၏ ရုပ်အလောင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - People’s Defence Force - Kalay - Battalion 02)
(စစ်ကောင်စီတပ် ဖျက်ဆီးသွားသော UG အဖွဲ့စခန်းနှင့် သတ်ဖြတ်ခံရသည့် လယ်သမားနှစ်ဦး၏ ရုပ်အလောင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ – People’s Defence Force – Kalay – Battalion 02)

ထို့အပြင်​ ကလေးမြို့နယ်ရှိ လေးအိမ်စု​ကျေးရွာမှ နေအိမ်နှစ်လုံးကိုလည်း စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီး​သွားသည်ဟု ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

“ကျွန်တော်တို့ ကလေးPDF ကလေးမြို့နယ်(ပ.က.ဖ)နဲ့ UG တို့ပြန်ထိုးစစ်ဆင်ဖို့ သွားတော့ စခတွေက ပြန်ဆုတ်သွားပါပြီ။ သူ့တို့က အင်အားနည်းလို့ အမြန်ဆုတ်သွားလို့ထင်ပါတယ်”ဟု PDF ကလေးမှ ရဲဘော်တစ်ဦးက ပြောသည်။

(စစ်ကောင်စီတပ် ဖျက်ဆီးသွားသော UG အဖွဲ့စခန်းနှင့် သတ်ဖြတ်ခံရသည့် လယ်သမားနှစ်ဦး၏ ရုပ်အလောင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - People’s Defence Force - Kalay - Battalion 02)
(စစ်ကောင်စီတပ် ဖျက်ဆီးသွားသော UG အဖွဲ့စခန်းနှင့် သတ်ဖြတ်ခံရသည့် လယ်သမားနှစ်ဦး၏ ရုပ်အလောင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ – People’s Defence Force – Kalay – Battalion 02)

အဆိုပါစစ်​ကြောင်းကို က​လေးမြို့နယ်(ပကဖ)နှင့် ​ပြောက်ကျားရဲ​ဘော်များက ထိုးစစ်ဆင်ရန် ​လေးအိမ်စုရွာကို ချဥ်းကပ်ခဲ့သော်လည်း စစ်​ကောင်စီတပ်များက လက်ပံခုံ​ကျေးရွာမှတဆင့် က​လေးမြို့ (ဒကစ)တပ်တွင်းသို့ ဆုတ်ခွာသွား သည်ဟု PDFက ဆိုသည်။ထိုသို့အလျင်အမြန် ဆုတ်ခွာ သွား​သော​ကြောင့် တိုက်ပွဲမဖြစ်ခဲ့ဟုလည်း အသိပေးသည်။

PDFများကို ကူညီသလို ​ပြောက်ကျားရဲ​ဘော်များကိုလည်း ကူညီ​ပေးကြရန် လည်း PDF က​လေးက ​ပြည်သူလူထုကို တောင်းဆိုထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂဘက်က ကြိုတင်ထုတ်ပြန်အသိပေးတာမျိုးမရှိသလို ကာယကံရှင် နိုလင်းဟေဇာကလည်း တစ်စုံတစ်ရာ ကြေညာတာမျိုးမရှိခဲ့ဘူး။

သတင်း

စစ်ကောင်စီတပ်သည် ဇေယျဝတီကျေးရွာအား သုံးရက်တိုင်တိုင် နေထိုင်ပြီးနောက် မီးတင်ရှို့ရာ နေအိမ် ၅၄လုံး မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

ယခုဖြစ်ရပ်မျိုးမတိုင်မီကပင် စစ်ကောင်စီသည် ၎င်း၏အဆွယ်အပွားများအဖြစ် ပျူစောထီးနှင့် သွေးသောက်အဖွဲ့များကို လူသိရှင်ကြားခွင့်ပြုထားသည်မှာ ကာလကြာမြင့်ပြီဖြစ်သည်။

သတင်း

တိုရုကူဘိုတာဟာ တောင်ဒဂုံမြို့နယ် ဆန္ဒပြပွဲတစ်ခုမှာ ရုပ်သံမှတ်တမ်းတင်နေချိန် ဆန္ဒပြသူတွေနဲ့အတူ ဖမ်းခံရတာလည်းဖြစ်ပါတယ်။