Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော် – ဗန်းမောက်လမ်းပိုင်းအား ယနေ့ကစ၍ ယာယီပိတ်ပင်

ယနေ့ နေ့လည် ၁၁ နာရီကစ၍ ကား၊ဆိုင်ကယ်၊သုံးဘီး စသည့် မည်သည့် ယာဥ်မှ ဖြတ်သန်းသွား လာချင်းမပြုရန် သတိပေးသည်။

အင်းတော် - ဗန်းမောက်လမ်းပိုင်းအား ယနေ့ကစ၍ ယာယီပိတ်ပင်
အင်းတော် - ဗန်းမောက်လမ်းပိုင်းအား ယနေ့ကစ၍ ယာယီပိတ်ပင်

စစ်ရေးအရ အင်းတော် – ဗန်းမောက်လမ်းပိုင်းအား ယနေ့ (သြဂုတ် ၁၆ ရက်) ကစ၍ ယာယီပိတ်ပင် မည်ဖြစ်ကြောင်း Indaw Revolutionက ထုတ်ပြန်သည်။

ယနေ့ နေ့လည် ၁၁ နာရီကစ၍ ကား၊ဆိုင်ကယ်၊သုံးဘီး စသည့် မည်သည့် ယာဥ်မှ ဖြတ်သန်းသွား လာချင်းမပြုရန် သတိပေးသည်။

“အဓိကတော့ နယ်မြေစိုးမိုးရေးနဲ့ လမ်းပိုင်းဆိုင်ရာ စစ်ရေးအရ ခေတ္တပိတ်လိုက် တာပါ။ပြန်ဖွင့်ပေးမယ့်အချိန်ကိုလည်း အချိန်နဲ့တပြေးညီပြန်ကြေညာပါ့မယ်။ပြည်သူတွေအနေနဲ့ ပူးပေါင်းပေးဖို့ မေတ္တာရပ်ခံပါတယ်”ဟု အင်းတော်(ပကဖ) အဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဇူလိုင်လကုန်ကစ၍ အင်းတော် – ဗန်းမောက်လမ်းပိုင်း အင်းတော်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA)နှင့် ဒေသကာကွယ်ရေးတပ် (PDF)များက တိုက်ခိုက်ထား သည်။

လက်ရှိ ဒေသတွင်းစစ်ရေးအခြေအနေကြောင့်လည်း ကျောင်းကုန်း-အင်းတော်-မော်လူး လမ်းပိုင်းပေါ်တွင် ည(၇)နာရီမှ နံနက်(၅)နာရီအတွင်း မည်သည့်ယာဥ် အမျိုးစားမဆို လုံးဝ (လုံးဝ)ဖြတ် သန်းသွားလာခွင့်ကို အင်းတော် PDF က တားမြစ်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မုံရွာ - မန္တလေးလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းများ ဖြတ်သန်းသွားလာသ​ည့်အခါတိုင်း လမ်းတစ်လျှောက်ရှိ PDFအဖွဲ့များက မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

သတင်း

ထိုအနီးကပ်ပစ်ခတ်တိုက်ခိုက်မှုတွင် ရဲတပ်ကြပ် ကြီးတစ်ဦးနှင့် ရဲတပ်သားတစ်ဦး နေရာတင်ပွဲချင်းပြီးသေဆုံးပြီး ကျန်ရဲတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

သတင်း

မှားယွင်းစွာ ပစ်ခတ်မိမည်ကို စိုးရိမ်၍ ကားမှန်များချကာ မောင်းနှင်ပေးရန် အထူးတောင်းပန်အပ်ကြောင်း သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

သတင်း

ကျောက်ထု - ပခုက္ကူ လမ်းပိုင်း အသုံးပြုခြင်းအား ​​ခတ္တရပ်နားပေးထားကြပါရန်နှင့် သေရေးရှင်ရေးကိစ္စများအတွက်သွားလာရန် သတင်းထုတ်ပြန်ထားသည်။