သစ်၊ဝါးများကို တရားမဝင်ထုတ်ယူနေကြခြင်း၊ လျှပ်စစ်ရှော့ခ်တိုက်၍ငါးဖမ်းယူနေကြခြင်းများကို တွေ့ရှိနေရ၍ တားမြစ်ချက်ကို အကြိမ်ကြိမ်ဖောက်ဖျက်နေသူများအား ဥပဒေနှင့်အညီအရေးယူသွား မည်ဖြစ်ကြောင်း ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ကထုတ်ပြန်သည်။
မြို့နယ် ပအဖ၏ ယခုနှစ် ဇန်နဝါရီလက ပြုလုပ်ခဲ့သည့်မြို့နယ်စုံညီအစည်းဝေးဆုံးဖြတ်ချက်အရသားရဲတိရိစ္ဆာန် (၈) မျိုးအား ပစ်ခတ်ဖမ်းဆီးခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်ဟုသိရသည်။
ထို့အတူ မြို့နယ်အတွင်းရှိချောင်းများတွင် မိုင်းခွဲခြင်း၊ပိုက်ဆွဲခြင်း၊ဆေးချခြင်း၊ရှော့ခ်တိုက်ခြင်း စသည့်နည်းလမ်းများဖြင့်ငါးဖမ်းခြင်းမပြုရန်နှင့် သစ်၊ ဝါးကို ထိန်းသိန်းဧရိယာများ သတ်မှတ်ပြီးတရားမဝင်ထုတ်ယူခြင်းများ မဖြစ်ပေါ်စေရန် သက်ဆိုင်ရာ ဒေသန္တရ တိုက်နယ်၊အုပ်စု အဆင့်ဆင့်သို့ညွှန်ကြား၍ ထိန်းသိမ်းဆောင်ရွတ်လျက်ရှိကြောင်းသြဂုတ် ၁၆ ရက်ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
