သြဂုတ် ၈ ရက် ညနေ ၅ နာရီခန့်တွင် လွိုင်ကော် – ရှားတောလမ်းမပေါ်ရှိအကြမ်းဖက်စစ်ကောင် စီတပ်၏ ပွန်ချောင်းတပ်စခန်းကို ကရင်နီတပ်မတော် (KA)၊ KNDF B02 နှင့် B14 တို့ စစ်ဆင် ရေးတရပ် ဆင်နွှဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ တစ်ဦးသေဆုံးပြီး ထိခိုက်မှုများရှိခဲ့ကြောင်း ဖော်ပြသည်။

ရှားတော
အလားတူ သြဂုတ် ၇ ရက်က ရှားတောမြို့နယ်ရှိတငူဆိုးတပ်စခန်းမှ ထွက်ခွာလာသော အကြမ်း ဖက်စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် (KA)၊ KNDF B12၊ B14၊ B17 ပူးပေါင်းတပ်တို့ ရှားတောမြို့နယ် တစ်နေရာ၌ တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့သည်။
သြဂုတ် ၉ ရက်တွင် ရှားတောမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှ ၇ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။
ဖရူဆို
ဖရူဆိုမြို့နယ်တွင်လည်း သြဂုတ် ၉ ရက် နံနက်အစောပိုင်းတွင် ခလရ(၅၃၁) တပ်ရင်းမှ ဆိုလျားကူးကျေးရွာ ဖက်သို့ စစ်ကြောင်းထိုးလာသည်ကို ကရင်နီတပ်မတော်နှင့် ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းတပ်များမှ ခုခံတိုက်ခိုက်ခဲ့သည်။
ထိတွေ့တိုက်ပွဲမှာ ၃ နာရီနီးပါးကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ် ကို ခုခံတိုက်ခိုက်ရင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှရဲဘော် တစ် ဦးကျဆုံးခဲ့သည်။
သြဂုတ် ၁၀ရက် နှင့် ၁၂ ရက်တို့တွင်လည်း ဆိုလျားကူးကျေးရွာအတွင်း ခြေကုပ်ယူရန် ကြိုး စားသော အကြမ်းဖက်စစ်ကောင်စီတပ်များ နှင့် ကရင်နီပူးပေါင်းတပ်တို့ ထပ်မံထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည်။
သြဂုတ် ၁၀ ရက်က ဖရူဆိုမြို့အခြေစိုက် အမှတ် (၁၄) တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းမှ ဖရူဆိုမြို့နယ်အရှေ့ဖက်ခြမ်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို KNDF B15 မှအလစ်အငိုက်တိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖက်မှ တစ်ဦးသေဆုံးခဲ့ကြောင်း အသိပေးသည်။
ထို့အပြင် သြဂုတ် ၁၃ ရက်တွင်လည်း ဖရူဆိုမြိုအခြေ စိုက် ခမရ (၅၃၁) မှ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းသို့ စစ်ကြောင်းထိုးလာသော အင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီတပ်များအား ကရင်နီတပ်မ တော် (KA) နှင့် KNDF B15 တို့မှ ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး လက် နက်ခဲယမ်းအချို့ကိုသိမ်းဆည်းရရှိခဲ့သည်။
ထိုနေ့တွင်ပင် ဖရူဆိုမြို့နယ် ခေါတမောကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များနှင့် ကရင်နီပူးပေါင်းတပ်တို့ တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးစဥ်တွင် အရပ် သား ပြည်သူများအား လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်မှုများပြုလုပ်ခဲ့သည်ဟု KNDF က ပြောသည်။
ဒီးမော့ဆို
ဒီးမော့ဆိုမြို့နယ်အတွင်း သြဂုတ် ၉ ရက်နံနက် ၅ နာရီခန့်တွင် ဒီးမော့ဆိုမြို့နယ် စံပြ (၆) မိုင် စာသင်ကျောင်းအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် KNDF B09 တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ငါးဦးသေဆုံးခဲ့ကြောင်း ဖော်ပြသည်။
ထိုနေ့ ညနေ ၅ နာရီခန့်တွင် KNDF B10 နှင့် B19 တို့မှ ဒီးမော့ဆိုမြို့မရဲစခန်းအား အလှစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖက်မှ ထိခိုက်မှုရှိခဲ့သည်ဟု ဆိုသည်။
သြဂုတ် ၁၀ရက်တွင်လည်း သေးဆူလဲကျေးရွာတွင် ခြေကုပ်ယူထားသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA) နှင့် KNDF B05 တို့မှ ပျောက်ကြားတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖက်မှ ထိခိုက်မှုများရှိကြောင်း အသိပေးသည်။
ထို့အပြင် သြဂုတ် ၁၂ ရက်တွင် ဒီးမော့ဆိုမြို့နယ် ရူဖယ်ခူရပ်ကွက် နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းအနီးတွင် စစ်ကောင်စီ တပ်နှင့် KNDF B19 တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ တစ် ဦးသေဆုံးခဲ့ ကြောင်း သိရသည်။
ဘောလခဲ
ဘောလခဲမြို့နယ်တွင်လည်း သြဂုတ် ၁၁ ရက်က ချောင်းကူးတံတားရှိ စစ်ကောင်စီ၏ တပ်စခန်းကို ကရင်နီတပ်မတော်နှင့် KNDF B21 တို့မှ အလှစ်အငိုက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ကရင်နီ(ကယား)ပြည်နယ်တွင် စစ်ကောင်စီတပ်က အင်အားတိုးမြှင်၍ စစ်ရေးလှုပ်မှုများစွာ ရှိလာသည့် အပြင် အရပ်သားပြည်သူများကိုပါ စစ်ရေးပစ်မှတ်အဖြစ် လေကြောင်းမှ တိုက်ခိုက် မှုများရှိလာသည်။
သြဂုတ် ၉ ရက်က လွိုင်လင်လေးမြို့နယ် တီးလုံကျေးရွာအုပ်စု ဒေါပါပကျေးရွာအား ဂျက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းရှိ ဆေးပေးခန်းနှင့် နေအိမ်များ ထိမှန် ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ(၁)ဦး ဗုံးထိမှန်သေဆုံးကာ (၂)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။
