ကရင်ပြည်နယ် ကော့ကရိတ်မြို့ရဲစခန်းနှင့် စီးပွားရေးဘဏ်ကို PDFနှင့် မဟာမိတ်အဖွဲ့တစ်ဖွဲ့က ယနေ့ နံနက်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဝန်ထမ်းတစ်ဦးသေဆုံကြောင်း အဆိုပါ မြို့ခံများက ပြောသည်။
အထက်ပါတိုက်ခိုက်မှုမှာ ယနေ့(သြဂုတ် ၁၅ရက်) နံနက် ၁၁နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ရဲစခန်းနဲ့ စီးပွားရေးဘဏ်နဲ့က နီးတယ်။ ဝင်ပစ်တယ်လို့ ကြားတယ်။ လုံခြုံရေးဝန်ထမ်းတစ် ယောက်သေးတယ်လို့ သိရတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။
တိုက်ခိုက်ခံရသည့် ရဲစခန်းလည်း မီးလောင်နေသည်ဟု ဒေသခံများက ဆိုသည်။
စစ်ကောင်စီထောက်တိုင်ဖြစ်သော ရဲစခန်းနှင့် စီးပွားရေးဘဏ်အား တိုက်ခိုက်သည့်အဖွဲ့တွင် PDF ပါဝင်ကြောင်းဒေသခံများက ပြောသော်လည်း အသေးစိတ်ကို မသိရသေးပေ။
