ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ လမုတန်းရပ်ကွက်၊ ရာဇသင်္ကြန်လမ်းတွင် ယနေ့ (သြဂုတ် ၁၄) ည ၁၁ နာရီဝန်းကျင်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။
ယနေ့ည ၁၁ နာရီ ၂၀ မိနစ်တွင် မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး ဒေါပုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊သာကေတမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ရှင်သန်ရေးပရဟိတအသင်းမှ ရေသယ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီခွဲကျော်တွင် မီးငြှိမ်းသတ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။



“ရာဇသင်္ကြန်လမ်းထဲက တိုက်ခန်းလောင်တာလို့တော့ သိရတယ်။ မီးညွန့်တော်တော်များတယ်။ သာကေတဘက်က လူတွေတောင် မီးလောင်နေတာ မြင်ရတယ် ဆိုပြီး လှမ်းမေးကြတယ်။ အခုတော့ ငြိမ်းသွားပါပြီ။ လောင်တဲ့အိမ်တော့ ပျက် စီးပေမယ့် လူထိခိုက်မှုမရှိဘူးလို့တော့ သိရပါတယ်”ဟု ဒေါပုံမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေကိုမူ မီးသတ်ဌာနက တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပေ။
