မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ဆက်သွယ်ထားသော လမ်းများတွင် ခရီးသွားကားများ ကားမှန်ချမောင်းနှင်ပေးရန် သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။
မိုးကုတ်၊ မိုးမိတ်၊ သပိတ်ကျင်း၊ စဉ့်ကူး၊ ပြင်ဦးလွင်၊ နောင်ချိုမြို့နယ်များရှိ မြို့ချင်းဆက်လမ်းများ၊ ကျေးရွာချင်းဆက်လမ်းများ၊ မြို့တွင်းမြို့ပြင်လမ်းများ၌ သွားလာနေကြသော ပြည်သူများအနေဖြင့် ကားမှန်များချ၍ မောင်းနှင်ပေးပါရန် သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့သြဂုတ်လ၁၃ရက်နေ့တွင် အသိပေးကြေညာသည်။
မှားယွင်းစွာ ပစ်ခတ်မိမည်ကို စိုးရိမ်၍ ကားမှန်များချကာ မောင်းနှင်ပေးရန် အထူးတောင်းပန်အပ်ကြောင်း သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။
မန္တလေး-မိုးကုတ်လမ်းပိုင်းတွင် ပြီးခဲ့သည့်လပိုင်းအတွင်းက စစ်ကောင်စီတပ်ယာဥ်များ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရဖူးသည်။
