ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်တွင် စစ်ကောင်စီခန့် ရာအိမ်မှူးလင်းမယား ပစ်ခတ်ခံရပြီး ရာအိမ်မှူးဖြစ်သူ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။
ယနေ့(သြဂုတ် ၁၃)နေ့လယ် ၁၂ နာရီ ၅၀မိနစ်ခန့်က ရွှေပြည်သာ အမှတ်(၈)ရပ်ကွက်မှ ရာအိမ်မှူ ဒေါ်ယဥ်ယဥ်အေးနှင့် ၎င်း၏အမျိုးသားဖြစ်သူတို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ စက်ဘီးတစ်စီးဖြင့်ပြန်လာစဥ် လမ်း၌ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောသည်။

ပစ်ခတ်မှုလုပ်ဆောင်ခဲ့သည့်နေရာမှာ အမှတ် (၈)ရပ် ကွက်၊ တပင်ရွှေထီးလမ်း၊ ဇောတိကပန်းခြံအနီး အ.မ.က (၁၉)ကျောင်းရှေ့တွင် ပစ်ခံရခြင်းဖြစ်ပြီး ရာအိမ်မှူး ဒေါ်ယဥ်ယဥ်အေးမှာ နေရာတင်သေဆုံးပြီး ၎င်း၏အမျိုး သားအား လူနာတင်ယာဥ်ဖြင့် ဆေးရုံသို့ပို့ဆောင်လိုက်ကြောင်း ဒေသသတင်းရင်းမြစ်အချို့တွင် ဖော်ပြသည်။
အထက်ပါ သေနတ်ဖြင့်ပစ်ခံရသော ရာအိမ်မှူး ဒေါ်ယဥ်ယဥ်အေးသည် ရပ်ကွက်အတွင်း ဧည်းစာရင်းစစ်ရာတွင် လိုက်ပါခြင်း၊ ဧည့်စာရင်းတိုင်ကြားရာတွင် ငွေကြေးမတရားတောင်းခံခြင်း၊ ရပ်ကွက်နေပြည်သူများအပေါ် အော်ဟစ်ပြောဆိုမှုများဖြင့် နာမည်ကျော်ဇောသူတစ်ဦးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
