Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဗန်းမောက်တွင် PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် နှစ်ရက်ဆက် တိုက်ပွဲဖြစ်

စစ်ကောင်စီတပ်များသည် ယနေ့ နေ့လည်ပိုင်း၌ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့၍ ပြည်သူတစ်ဦး ကျည်ထိမှန်လဲကျခဲ့သည်ဟု ဆိုသည်။

(ဗန်းမောက်မြို့တွင် ဌာနပေါင်းစုံပါဝင်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို ၂၀၂၁ ဖေဖော်ဝါရီလ ၁၁ ရက် နံနက်ပိုင်းက ပြုလုပ်နေစဥ်၊ ဓာတ်ပုံ - CJ)
(ဗန်းမောက်မြို့တွင် ဌာနပေါင်းစုံပါဝင်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို ၂၀၂၁ ဖေဖော်ဝါရီလ ၁၁ ရက် နံနက်ပိုင်းက ပြုလုပ်နေစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု Banmauk Revolutionက ဖော်ပြသည်။

ဩဂုတ် ၁၂ရက်က ဗန်းမောက်နယ် ဒယူးရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ (ဩဂုတ် ၁၃ရက်)တွင် ဗန်းမောက်မြို့အဝင် နတ်ကြီးကုန်းရွာ၌ တိုက်ပွဲဖြစ်ခဲ့ သည်ဟု ဆိုသည်။

နှစ်ဖက်ထိခိုက်မှု အခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်များသည် ယနေ့ နေ့လည်ပိုင်း၌ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့၍ ပြည်သူတစ်ဦး ကျည်ထိမှန်လဲကျခဲ့သည်ဟု ဆိုသည်။

ဗန်းမောက်မြို့တွင် အင်အားအများအပြားဖြင့် ကင်းပုန်းတ်ခြင်း၊ ကားဆိုင်ကယ် များကို စစ်ဆေးခြင်း၊ မြို့အနီး ကျွန်းတော်ပေါ်တွင် တပ်စွဲထားခြင်းကြောင့် ဒေသခံပြည်သူများ စိုးရိမ်စိတ်ဖြင့် နေထိုင်နေကြရကြောင်း ဖော်ပြထားသည်။

ဗန်းမောက်မြို့နယ်တွင် ယခင်လနှင့် ယခုလအတွင်းတိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး PDFများ နှင့်အတူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ဖွဲ့များပါ ပူးပေါင်းတိုက်ခိုက် လျက်ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စ်ကောင်စီတပ်ကို ချင်းဒေသကာကွယ်ရေးတပ်(CDF)၊ ချင်းအမျိုးသားတပ်မတော် (CNA) တို့ ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်သည်။

သတင်း

ကျောက်ထု - ပခုက္ကူ လမ်းပိုင်း အသုံးပြုခြင်းအား ​​ခတ္တရပ်နားပေးထားကြပါရန်နှင့် သေရေးရှင်ရေးကိစ္စများအတွက်သွားလာရန် သတင်းထုတ်ပြန်ထားသည်။

သတင်း

ယနေ့(သြဂုတ် ၁၃)နေ့လယ် ၁၂ နာရီ ၅၀မိနစ်ခန့်က ရွှေပြည်သာ အမှတ်(၈)ရပ်ကွက်မှ ရာအိမ်မှူ ဒေါ်ယဥ်ယဥ်​အေးနှင့် ၎င်း၏အမျိုးသားဖြစ်သူတို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ စက်ဘီးတစ်စီးဖြင့်ပြန်လာစဥ် လမ်း၌ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောသည်။

သတင်း

ယနေ့နံနက် ၁၀ နာရီခွဲခန့်က သပိတ်ကျင်းနယ် ကြက်ရိုးပင်ကျေးရွာရှိ ခွေးစာထောက်ပံ့ပေးနေ သော Golden Hill (Bar & KTV)အား ကျွန်ုပ်တို့ ဗိုလ်လင်းယုန်တပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ပါ သည်ဟု ဖော်ပြသည်။