မန္တလေးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် လက်ရှိဖြစ်ပေါ်နေ သော ဆီပြတ်လပ်သည့် ပြဿနာကို အချိန် ၅ နာရီအတွင်း ပြေလည်အောင် ဖြေရှင်းပေးရန် MDY-PDF က ယနေ့(သြဂုတ် ၁၃)ညနေ ၃ နာရီခွဲခန့်တွင် သတိပေးချက်ထုတ်ပြန်လိုက်သည်။
စစ်အုပ်စု၏မတရားအာဏာသိမ်းမှူကြောင့် ပြည်သူများ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အစစအရာရာ ဒုက္ခရောက်နေချိန်တွင် ပြည်သူလူထု၏အခက်ခဲကို မစာနာဘဲ ဝိသမာ လောဘတတ်၍ရောင်းချနေသော ဆီဆိုင်များနှင့် ဆီဈေးကွက်ကိုကစားနေသော စစ်ကောင်စီထောက်တိုင်ဆိုင်များဖြစ်သည့် Denko နှင့် Boc တို့အားနောက်ဆုံးကြိမ် သတိပေးခြင်းဖြစ်ကြောင်း ဖော် ပြသည်။

ယနေ့တွင် မန္တလေး၌ စက်သုံးဆီ အခက်အခဲများဖြစ်နေသောကြောင့် ပြည်သူများဒုက္ခရောက်နေပြီး မည်သည့်အကြောင်းပြချက်ဖြင့် ဆီပြတ်လပ် သည်ဖြစ်စေ ယခုပြဿနာအား ဖြေရှင်းရန် MDY မှဆီဆိုင်အားလုံးကို ယခုစာတင်ချိန်မှစ၍ အချိန် ၅ နာရီပေးမည်ကာ ၅ နာရီပြီးသည်နှင့် MDY မှ ဆီဆိုင်အားလုံးကို ဆီများ လိုသလောက်ရနေသည်ကိုမြင်လိုကြောင်း အသိပေးသည်။
“မရခဲ့လျှင် ကျွန်ုပ်တို့ အဆိုးမဆိုပါနှင့်”ဟု MDY-PDF က ဆိုသည်။
ယခုမှစ၍ ဆီဆိုင်အားလုံး ၅ နာရီပိတ်နိုင်ပြီး ဆီဆိုင်များတွင် လက်ရှိဆီ တန်းစီနေသော ပြည်သူများအား ဆီပြန်လည် ရောင်းချပေးပါရန် သတိပေးထားပြီး Denko နှင့် BOC ဆိုင်များ ချက်ချင်းပိတ်ရန်ထုတ်ပြန်ထား သည်။

“ကျွန်တော်တို့ သဘောထားက ရှင်းပါတယ်။ ပြည်သူ တွေရဲ့ဒုက္ခကိုမကြည့်ဘဲ ကိုယ်ကျိုးအတွက်ဘဲကြည့်နေတဲ့ စကစ လက်အောက်ခံ စက်သုံးဆီကုမ္ပဏီ တွေရဲ့ ဆီဈေးကွက်ကစားမှုတွေကို ရပ်တန့်စေချင်တာပါဘဲ”ဟု MDY-PDF မှ ဗိုလ်နက္ခတ်က မှတ်ချက်ပေးသည်။
ထို့အပြင် ယခုအရေးပေါ်သတိပေးထုတ်ပြန်ချက်ကြောင့် ပြည်သူများ အခက် အခဲတွေ့ကောင်းတွေ့နိုင်သော်လည်း MDY-PDF တပ်ဖွဲ့၏ ရည်ရွယ်ချက် ဖြစ်သော စက်သုံးဆီလုံလောက်ရေး ဦးတည်ချက်ကို နားလည်ပေးကြ စေလိုကြောင်း ဗိုလ်နက္ခတ်က မေတ္တာရပ်ခံထားသည်။
