Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သင်္ဃန်းကျွန်းမြို့နယ် လဝကရုံးကို သေနတ်ဖြင့် ဝင်ပစ်၊ တစ်ဦး​သေ၊ တစ်ဦးစိုးရိမ်ရဟုဆို

အဆိုပါ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်များရောက်ရှိလာပြီး ဦးဘဟန်လမ်း အား ပိတ်ဆို့ကာ ယာဥ်အသွား အလာများအား တားဆီးစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

(သင်္ဃန်းကျွန်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လမ်းပိတ်ဆိုး ဖမ်းဆီးစစ်ဆေးမှုများလုပ်ဆောင်နေစဥ်(ပုံအဟောင်းကို အသုံးပြုထားပါသည်)
(သင်္ဃန်းကျွန်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လမ်းပိတ်ဆိုး ဖမ်းဆီးစစ်ဆေးမှုများလုပ်ဆောင်နေစဥ်(ပုံအဟောင်းကို အသုံးပြုထားပါသည်)

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးမှူးရုံးကို သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှု ယနေ့(သြဂုတ် ၁၂)နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ပြီး မြို့နယ်ဦးစီးမှူးဒဏ်ရာအပြင်းအထန်ရရှိပြီး၊ ဒုဦးစီးမှူး ​သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့နေ့လယ် ၂ နာရီ ၃၅မိနစ်ခန့်က သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန် ရပ်ကွက် ဦးဘဟန်လမ်းပေါ်ရှိ လူဝင်မှုကြီး ကြပ်ရေးဦးစီးဌာန(လဝက)ရုံးသို့ အမည်မသိလူနှစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယင်းပစ်ခတ်မှု ကြောင့် မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ထွေးမှာ ဒဏ်ရာအပြင်းအထန်ရရှိပြီးဒုဦးစီးမှူး ဦးကျော်မိုး မှာ ​ဆေးရုံပို့​ဆောင်စဥ်လမ်း၌​သေဆုံးခဲ့သည်ဟုသိရ သည်။

“သေနတ်သံ သေချာတော့ မကြားလိုက်ရဘူး။ ၃၊ ၄ ချက် ပစ်သွားလို့တော့ ပြောတယ်။ ပစ်တာက မြို့နယ်မှူးကို ပစ်တာပါ။ လက်ထောက်မြို့နယ်မှူးက ဝင်လုံးဖို့ ကြိုးစားရင်း ရင်ဘတ်ကို သေနတ်နဲ့ ပစ်သွားတာပါ။ သူက ဆေးရုံ မရောက်ခင်မှာပဲ ဆုံးသွားတယ်လို့ သိရပါတယ်။ မြို့နယ်မှူးကလည်း ဒဏ်ရာစိုးရိမ်ရတယ် ကြားပါတယ် ” ဟု ၎င်းက ပြောသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်များရောက်ရှိလာပြီး ဦးဘဟန်လမ်း အား ပိတ်ဆို့ကာ ယာဥ်အသွား အလာများအား တားဆီးစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

သိူ့​သော်ပစ်ခတ်ခံရသောစစ်​ကောင်စီ၏ လဝကအရာရှိများတွင် မြို့နယ်လဝကမှူးဖြစ်သူ၏ ရင်အုံတွင် တစ်ချက်ပစ်ခံရပြီး ဒုဦးစီးမှူးဖြစ်သူမှာ မျက်နှာနှင့် လက်တို့တွင် သေနတ်ကျည်ဖောက်ဝင်ဒဏ်ရာများရသွားကြောင်း စစ်ကောင်စီဝါဒဖြန့် မီဒီယာအချို့တွင် ဖော်ပြ​နေသည်။ ၎င်းတို့နှစ်ဦးကို ကုတင်(၁၀၀၀)ဆေးရုံသို့ ပို့ထားပြီး အခြေအနေစိုးရိမ်ရကြောင်း ယင်းဝါဒဖြန့်မီဒီယာများက ဖော်ပြကြ သည်။

အထက်ပါ စစ်ကောင်စီထောက်တိုင် Non-CDM ဝန် ထမ်းများအား ရုံးအတွင်းဝင်ရောက် ပစ်ခတ်ခြင်းနှင့်စပ်လျဥ်း၍ မည်သည့်အဖွဲ့အစည်း လုပ်ဆောင်သည်ဆိုခြင်းကို သတင်းထုတ်ပြန် ထားခြင်း မတွေ့ရသေးပေ။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီဝင် အများအပြား ရောက်ရှိလာကာ သင်္ဃန်းကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးအနီးနှင့် ဘီအိုစီ ကားမှတ်တိုင်တို့တွင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

“လဝကရုံးမှာ ပစ်ခတ်မှု ဖြစ်လို့ ဆိုပြီး ရုံးနားက ဖြတ်သမျှလူတွေ၊ ကားတွေကို စစ်နေတယ်။ ကျောပိုးအိတ်နဲ့ လမ်းလျှောက်သွားတဲ့ လူတောင် အိတ်ကို ဖွင့်စစ်တာတွေ လုပ်နေပါတယ် ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကာင်စီတပ်အနေဖြင့် မည်သည့်အတွက်ကြောင့် လူငယ်အချို့အား အကြောင်းမဲ့ ပစ်ခတ်ဖမ်းဆီးခြင်းကိုမူ သိရှိရခြင်း မရှိသေးပေ။

သတင်း

မုံရွာမြို့ပေါ်တွင် အကြမ်းဖက်စစ်တပ်ကနေရာအနှံ့ပိုက်စိပ်တိုက်စစ်ဆေးမှုများ ပြုလုပ်နေပြီး မလိုအပ်ဘဲ အပြင်မထွက်ကြရန် ဒေသတွင်းပြ​ည်သူ့ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

သတင်း

ကားပေါ်တွင်မိသားစုစုဝင် သုံးဦးအနက်ကလေးငယ်နှင့်မိခင်ဖြစ်သူသည် နေရာတွင်ပင် သေဆုံးခဲ့ပြီးကလေးငယ်၏ဖခင်သည် မှိုင်းရှုးဆေးရုံတွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟုဒေသခံများကပြောသည်။

သတင်း

အိန္ဒိယနိုင်ငံသားနှစ်ဦးအရေး စစ်ကောင်စီဘက်က တရားဝင်ထုတ်ပြန်ခြင်းမရှိသေးသလို အိန္ဒိယဘက်ကလည်း မည်သို့တုန့်ပြန်သည်ကို မသိရသေးဟု ဒေသခံများက ဆိုသည်။