စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် ယာဥ်တန်းအား ဒေသတွင်းအဖွဲ့များက ထပ်မံတိုက်ခိုက်ခဲ့ပြီး သေဆုံးထိခိုက်မှုများရှိကြောင်း PDF South Monywaက ထုတ်ပြန်သည်။
ယနေ့(သြဂုတ်၁၂ရက်) နံနက် ၃နာရီခွဲမှ ၄ နာရီကြားတွင် မုံရွာ – မန္တလေးလမ်းရှိ ဂွေးပင်တောနှင့် ဘိုးမင်းကြီးကင်းကြား၌ မုံရွာမှ မန္တလေးမြို့ဘက်သို့သွားသော စစ်ကောင်စီတပ်ယာဥ်တန်းအား ပဒေသာမိုင်း (၇)လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကား (၂)စီး ထိခိုက်ပျက်စီးကာ သေဆုံးသူများ နိုင်ကြောင်း PDF South Monywaက ဆက်သွယ်ပြောကြားသည်။
ထို့အပြင် စစ်ကောင်စီတပ်သား ၁၅ ဦးခန့် ထိခိုက်သေဆုံးနိုင်သည်ဟု PDF South Monywaက ခန့်မှန်းသည်။
“၄ စီးမြောက်နှင့် ၅ စီးမြောက် ကားများအား အတိအကျထိပြီး ရဲဘော်၏ မျက်မြင်အရ ကားပါ မြောက်တက်သွားသည်ဟု သိရသည်”ဟု PDF South Monywaက ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို People’s Defence Force – South Monywa နှင့် Monywa Ranger Group Truth Army တို့ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ထုတ်ပြန်ထားသည်။
ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
အဆိုပါယာဥ်တန်းသည် ယနေ့နံနက်ပိုင်းကပင် မြင်းမူမြို့နယ်အတွင်း၌ နှစ်နေရာထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးသည်။
