Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဗန်းမောက်ထွေအုပ်ရုံးကို PDF ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ်မှူး တစ်ဦးသေဟု ထုတ်ပြန်

Banmauk Revolution-BRကမူ ” ဗိုလ်မှူးကျော်မင်းဟန် နေရာတွင် သေဆုံးသွားသည်ဟု သတင်းရရှိထားကြောင်း ထုတ်ပြန်ထားသည်။ People’s Spring အနေဖြင့် သီးခြားအတည်ပြုချက် မရသေးပေ။

ဗန်းမောက်ထွေအုပ်ရုံးကို PDF ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ်မှူး တစ်ဦးသေဟု ထုတ်ပြန်
ဗန်းမောက်ထွေအုပ်ရုံးကို PDF ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ်မှူး တစ်ဦးသေဟု ထုတ်ပြန်

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ယနေ့နံနက်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်မှူးကျော် မင်းဟန်ဆိုသူ နေရာတွင် သေဆုံးသွား ကြောင်း Banmauk Revolution က ဖော်ပြသည်။

ယနေ့(ဩဂုတ် ၁၂ရက်) နံနက် ၉နာရီတွင် ဗန်းမောက် ပြည်သူ့ကာကွယ်ရေး တပ်(PDF)နှင့် မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က မြို့နယ်ထွေအုပ်ရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အပြန်အလှန်ပစ်ခတ်မှုများကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရဟု ဖော်ပြထားသည်။

“ဗိုလ်မှူးကျော်မင်းဟန် သေနတ်ကျည်ထိသွားတယ်။ ဆေးရုံမှာတော့ တော်တော်ရေး အုံးအုံး ကျက်ကျက်ဖြစ်နေတယ်။ ဘယ်ဝန်ထမ်းကိုမှ ဖုန်းပေးမကိုင်တော့ဘူးလို့ သိရတယ်”ဟု ဗန်းမောက်မြို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့- ဗန်းမောက်ပကဖတာဝန်ခံက People’s Spring သို့ပြောသည်။ ယနေ့ နေ့လည် နှစ်နာရီ မိနစ် ၂၀ ရရှိသော သတင်းကို ဗန်းမောက် (ပကဖ) တာဝန်ခံက ပြော​ခြင်းဖြစ်သည်။

Banmauk Revolution-BRကမူ ” ဗိုလ်မှူးကျော်မင်းဟန် နေရာတွင် သေဆုံးသွားသည်ဟု သတင်းရရှိထားကြောင်း ထုတ်ပြန်ထားသည်။ People’s Spring အနေဖြင့် သီးခြားအတည်ပြုချက် မရသေးပေ။

” စစ်ကောင်စီဘက်က ဗိုလ်မှူးသေတယ်လို့ ကြားလို့ မြို့ခံတွေလည်း နားစွင့်နေကြတယ်” ဟု ဗန်းမောက်မြို့ခံတစ်ဦးက ပြောသည်။

ဒလန်ရှင်းလင်းရေး မစ်ရှင်ပြုလုပ်ရန် စီစဉ်ထားသော်လည်း အမျိုးသမီးတစ်ဦး က ရှေ့ဆက်မသွားရန် တားမြစ်ချက်ကို မလိုက်နာ၍ သေနတ်ဖောက်တားမြစ် ခဲ့ရကြောင်း၊ အချို့သော ဒလန်ရှင်း မစ်ရှင်အချို့ကို ဖျက်သိမ်းလိုက်ရကြောင်း အသိပေးခဲ့ပြီး ပြည်သူများအနေဖြင့် ဒေသကာကွယ်ရေးမှ ထုတ်ပြန်သော ကြေညာချက်များ၊ တားမြစ်လျက်များကို အထူးဂရုပြု လိုက်နာပေးကြရန် ပန်ကြားထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးများမှာ ပန်စုံကျေးရွာအနီးတွင် ၈ လုံး၊ ကျေးရွာအတွင်း ၂ လုံးကျရောက်ပေါက်ကွဲပြီး အရပ်သားပြည်သူလူထု၏ နေအိမ် (၂)ထိလုံး မှန်ခဲ့သည်ဟု ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီအနေဖြင့် ဒေသခံ တိုင်းရင်းသားများကို ပြည်သူ့စစ်ဖွဲ့စည်းပြီး တိုင်းရင်းသားအချင်းချင်း တိုက်ခိုင်းနေသည့် သွေးခွဲသည့် လုပ်ရပ်အပေါ် သတိထားရန် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဩဂုတ် ၁၀ရက် ကချင်အာဇာနည်နေ့ မိန်းခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

သတင်း

ဖြစ်စဥ်နှင့်ပတ်သက်ပြီး FRF အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People's Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

သတင်း

"ပြီးခဲ့တဲ့လ ပိုင်းကတည်းက ရေး နဲ့ သံဖြူဇရပ် ဘက်ကို စကစဘက်က တပ်ပြောင်းတပ်ရွှေ့လုပ်နေတာ။အဲဒီတုန်းကလည်း ဒေသခံကာကွယ်ရေး အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ရှိခဲ့တယ်"ဟု မွန်ပြည်နယ်အခြေစိုက်သတင်းရင်းမြစ်က People's Springသို့ ပြောသည်။