မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြစ်သာဆည်ဘောင် အက်ကွဲကြောင်းများထဲတွင် သုံးလုံးတွဲ တစ်တောင်ခန့်ရှိ မိုင်းများ ထောင်ထားသည်ကိုတွေ့ရှိရကြောင်း ကလေး-ကဘော်-ဂန့်ဂေါဒေသ ချင်းကာကွယ်ရေးတပ်(CDF KKG)က သတင်းထုတ်ပြန်သည်။
အဆိုပါမိုင်းများကို စစ်ကောင်စီတပ်က ထောင်ထားသည်ဟု ယူဆရကြောင်း CDF-KKGက အသိပေးထားသည်။

အနီးအနားရှိ တော်လှန်ရေးတပ်ဖွဲ့များထံသို့ ဆက်သွယ်ချက်အရ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့်ထိုသို့မိုင်ထောင်ထားခြင်းမရှိကြောင်း ဖော်ပြထားသည်။
ပြည်သူများအနေဖြင့် ဆည်ဘောင်ပေါ်သို့လုံး၀မသွားကြရန်လည်း အသိပေးထုတ်ပြန်ထားသည်။
CDF-KKGသည် စစ်ကိုင်း – ချင်းဒေသအစပ်ရှိတော်လှန်ရေးတပ်များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် တပ်ဖွဲ့ဖြစ်သည်။
