မနေ့ကညပိုင်း ကစတင်ပြီး လက်ရှိအချိန်ထိ ပြည်တွင်းမှာ အင်တာနက်လိုင်းပြတ်တောက်တာ ၊နှေးကွေးတာတွေဖြစ်ပေါ်နေတယ်လို့ အင်တာနက်သုံးစွဲသူတွေထံက စုံစမ်းသိရပါတယ်။
စစ်ကောင်စီဟာ ခုခံတော်လှန်မှု ပြင်းထန်နေတဲ့ ဒေသတွေမှာ အင်တာနက်လိုင်းဖြတ်တောက်ထားတာတွေရှိနေပြီး မနေ့က ညပိုင်းကစတင်ကာ ရန်ုကုန်၊မန္တလေး၊ ပုသိမ် စတဲ့ မြို့ကြီးတွေမှာပါ အင်တာနက်လိုင်း နှေးကွေးတာတွေကို ကြုံခဲ့ရတာပါ။
စစ်ကောင်စီသြဇာခံဆက်သွယ်ရေးဌာနဘက်က မီဒီယာအချို့ကိုဖြေကြားချက်မှာ မြန်မာနိုင်ငံကို ချိတ်ဆက်ထားတဲ့ ပင်လယ်ရေအောက် ကေဘယ်လိုင်း မှာ ချို့ယွင်းချက်ဖြစ်ပေါ်နေလို့ အင်တာနက်လိုင်းပြဿနာကြုံနေရတဲ့အကြောင်း ဆိုထားတာတွေ့ရပါတယ်။
လက်ရှိမှာ အရန်ချိတ်ဆက်ထားတဲ့အင်တာနက်လိုင်းကသာပေးနေရတယ်လို့ ဖြေထားပါသေးတယ်။
အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီအချို့ကလည်း နေရာအချို့မှာချို့ယွင်းချက်ဖြစ်ပေါ်လို့ သုံးစွဲသူတွေ အင်တာနက်အသုံးပြုရာမှာ အဆင်မပြေမှုဖြစ်ပေါ်သွားတဲ့အတွက် တောင်းပန်ထားတာတွေ့ရပါတယ်။
