Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဗန်းမောက်မြို့နယ် ပေကုန်းရွာအနီးတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KIA/PDF ပူးပေါင်းတပ် တိုက်ခိုက်၊ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများနိုင်

ထိုးစစ်ဆင် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်များနိုင်ပြီး KIA၊PDF၊ပကဖ ပူးပေါင်းတပ်များဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

(စစ်ပညာသင်ကြားနေသော ဗန်းမောက် PDFနှင့် ပကဖ ရဲဘော်များအား တွေ့ရစဉ်၊ဓာတ်ပုံ - Banmauk Revolution)
(စစ်ပညာသင်ကြားနေသော ဗန်းမောက် PDFနှင့် ပကဖ ရဲဘော်များအား တွေ့ရစဉ်၊ဓာတ်ပုံ - Banmauk Revolution)

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် ပေကုန်းရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားနိုင်ကြောင်း Banmauk Revolution က ဖော်ပြသည်။

အဆိုပါ စစ်ကောင်စီတပ်ကို ဩဂုတ် ၁၀ရက် နေ့လည်ပိုင်းက တစ်ကြိမ်၊ ည ၁၁နာရီတွင် တစ်ကြိမ် နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုးစစ်ဆင် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်များနိုင်ပြီး KIA၊PDF၊ပကဖ ပူးပေါင်းတပ်များဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီလက်ပါးစေ ရှမ်းနီတပ်ဖွဲ့(SNA)ကလည်း ပြည်သူလူထု အချို့ကို ဖမ်းဆီးသတ်ဖြတ်မှု လုပ်ဆောင်ခဲ့ကြောင်း Banmauk Revolution က ဖော်ပြခဲ့သည်။ ဩဂုတ် ၈ရက်တွင် SNAက ဖမ်းဆီးသွားသည့် ရှမ်းနီလူမျိုး ကိုကျော်သက်မှာ သတ်ဖြတ်ခံလိုက်ရပြီး မိသားစုက အလောင်းသွားရောက်တောင်းယူရာတွင်လည်း SNAက အလောင်းပြန်မပေးဘဲ အလောင်းကို ဖျောက်ဖျက်ပစ်လိုက်သည်ဟုဆိုသည်။

ထို့ပြင် မံစီကြီးကျေးရွာမှ PDFနှင့် ဆက်နွယ်၊ ထောက်ပံ့သည်ဟု သံသယရှိသော ဒေသခံရှမ်းနီလူမျိုးများကို လိုက်လံဖမ်းဆီးနေပြီး မံစီကြီးရွာမှ တိမ်းရှောင်လာသူများကို လက်မခံရန်လည်း အနီးအနားရွာများကို SNAက ခြိမ်းခြောက်ထားကြောင်း ဒေသခံများက သတင်းပေးပို့လာသည်ဟု ဖော်ပြထားသည်။

SNAတပ်သည် စစ်ကောင်စီ နှင့်အတူ စစ်ဆင်ရေးများတွင် ပါဝင်နေသည့် တပ်ဖွဲ့ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထို့အပြင် မြို့ပြရဲဘော်များ ဖမ်းဆီးခံ၊ ကျဆုံးခံနေရချိန်တွင် နေစိမ့်နိုင်၊ ပျော်ပါး နိုင်လွန်းသော ပြည်သူများကို ​အံ့သြဝမ်းနည်းဖြစ်ရသော်လည်း MDY-PDF အနေဖြင့် တော်လှန်ရေးသစ္စာအား ဦးလည်မသုန် ဆက်လက်ဆောင်ရွက်သွား မည်ဟု အသိပေးထားသည်။

သတင်း

ကျေးရွာအတွင်း ဝင်ရောက်သူများကို PDFဟု သတ်မှတ်ကာ လက်နက်ကြီးဖြင့် ပစ်ခတ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ပျူစောထီးအချို့ထံမှတစ်ဆင့် ​ခြိမ်းခြောက်သွားခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

သတင်း

AAနှင့် စစ်ကောင်စီတို့သည် စစ်ရေးတင်းမာမှုဆက်ရှိနေပြီး လတ်တလောတွင် ချင်းပြည်နယ် ပလက်၀ မြို့နယ်တွင် တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားနေကြောင်း၊ ယနေ့၌ပင် တိုက်ပွဲဖြစ်ပွားနေသည့် အခြေအနေ ရှိနိုင်ကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

ထိုသို့တိုက်ခိုက်မှုကြောင့် ယာဥ်တန်းသည် တစ်မိုင်ခန့်သွားအပြီး စိုင်နိုင်လေးရွာအနီးတွင် ဆီဘောက်ဆာတစ်စီးထိုးလဲသွားကာ လုံးဝရပ်တန့်သွားခဲ့ကြောင်း Shwebo Defense Force(SBDF)က အသိပေးသည်။