Connect with us
close

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

လက်ပံတောင်း​တောင်​ ကြေးနီးစီမံကိန်း​တွေ ရပ်နား​​နေခြင်း​ရဲ့ နောက်ကွယ်

ပုဂ္ဂလိက CDM ဝန်ထမ်း​တွေရဲ့ ရဲစွမ်းသတ္တိနဲ့အနစ်နာခံကြိုးစားမှု​ကြောင့်မြန်မာနိုင်ငံထဲက ကမ္ဘာသိ စီမံကိန်းကြီးတစ်ခုရပ်နား​နေရတယ်ဆိုတာကို​သိသူက​တော့အလွန်နည်းပါတယ်။ ဒါက​နွေဦး​​တော်လှန်​ရေးမှာ ပုဂ္ဂလိဝန်ထမ်း CDM ​တွေကြောင့် ထင်သာမြင်သာအရှိဆုံး ​အောင်မြင်မှု​တွေထဲကတစ်ခုဖြစ်ပါတယ်။ဝန်ထမ်း​ပေါင်း ၇၀၀၀ ​ကျော်ရှိတဲ့ နိုင်ငံတကာစီမံကိန်းကြီးဟာ စစ်အုပ်စုအာဏာသိမ်းမှု​နောက်ပိုင်းခတ္တရပ်နားခဲ့ပြီး​တော့ ဒီနှစ်ဆန်းမှာ ပြန်လည်ပတ်ဖို့ ကြိုးစား​ခဲ့​ပေမယ့် ဝန်ထမ်း​တွေရဲ့CDMလုပ်မှု​ကြောင့် ဒီ​နေ့အထိ ရပ်တန့်ထားရတာဖြစ်ပါတယ်။

Letpadaung Copper Mine
ဓာတ်ပုံ - People's Spring

စော​နွေဦး/People’s Spring

နွေဦး​တော်လှန်​ရေးမှာ နိုင်ငံ့ဝန်ထမ်း​ပေါင်းသိန်းနဲ့ချီပြီး​တော့ အာဏာလုစစ်​ကောင်စီကို အကြမ်းမဖက်​ အာဏာဖီဆန်ပြီး (CDM)တော်လှန်​ခဲ့ကြတာဟာကမ္ဘာ​ကျော်ခဲ့ပြီး​တော့ ၂၀၂၂ ခုနှစ်ရဲ့ငြိမ်းချမ်း​​ရေးနိုဗယ်ဆုအတွက် အမည်စာရင်းတင်သွင်းရတယ်အထိ နိုင်ငံတကာရဲ့အသိအမှတ်ပြုမှုရရှိခဲ့ပါတယ်။ စစ်အာဏာရှင်ကိုအာဏာဖီဆန် CDM ပြုလုပ်သူ​တွေဟာ နိုင်ငံ့ဝန်ထမ်း​တွေသာမက ပုဂ္ဂလိကဝန်ထမ်း​တွေလည်းပါဝင်ပါတယ်။ ပုဂ္ဂလိက CDM ဝန်ထမ်းတွေရဲ့ ရဲစွမ်းသတ္တိနဲ့ အနစ်နာခံကြိုးစားမှု​ကြောင့် မြန်မာနိုင်ငံထဲက ကမ္ဘာသိ စီမံကိန်းကြီးတစ်ခုရပ်နား​နေရတယ်ဆိုတာကို​သိသူက​တော့အလွန်နည်းပါတယ်။

Letpadaung Copper Mine
ဓာတ်ပုံ – People’s Spring

ဒါက​နွေဦး​​တော်လှန်​ရေးမှာ ပုဂ္ဂလိကဝန်ထမ်းCDM ​တွေကြောင့် ထင်သာမြင်သာအရှိဆုံး ​အောင်မြင်မှု​တွေထဲကတစ်ခုဖြစ်ပါတယ်။ဝန်ထမ်း​ပေါင်း ၇၀၀၀ ​ကျော်ရှိတဲ့ နိုင်ငံတကာစီမံကိန်းကြီးဟာ စစ်အုပ်စုအာဏာသိမ်းမှု​နောက်ပိုင်းခတ္တရပ်နားခဲ့ပြီး​တော့ ဒီနှစ်ဆန်းမှာ ပြန်လည်ပတ်ဖို့ ကြိုးစား​ခဲ့​ပေမယ့် ဝန်ထမ်း​တွေရဲ့CDMလုပ်မှု​ကြောင့် ဒီ​နေ့အထိရပ်တန့်ထားရတာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ၊ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ တရုတ်အစိုးရပိုင်ကမ္ဘာသိ့လက်ပံ​တောင်း​​တောင်​ကြေးနီစီမံကိန်းဖြစ်ပါတယ်။တရုတ်အစိုးရပိုင် Norinco (China North Industries Group Coporation Limited)ရဲ့ လက်​အောက်ခံကုမ္ပဏီဖြစ်တဲ့ တရုတ်ဝမ်​ပေါင်ကုမ္ပဏီရယ်၊ ယန်စီကုမ္ပဏီရယ် စစ်အုပ်စုရဲ့ မြန်မာစီးပွား​ရေးဦးပိုင်လီမိတက် ၊ အစိုးရရဲ့ အမှတ် (၁) သတ္ထုတွင်းလုပ်ငန်းတို့အကျိုးတူပူး​​ပေါင်းပြီး​တော့ ၂၀၁၂ ကတည်းကလုပ်ကိုင်​နေတာဖြစ်ပါတယ်။

Letpadaung Copper Mine
ဓာတ်ပုံ – People’s Spring

ကြေးစင်​တောင်​၊စပယ်​တောင်တွေမှာ​ကြေးနီတူး​ဖော်တာကို က​နေဒါကုမ္ပဏီ အိုင်ဗင်ဟိုးက ၁၉၉၆ ခုနှစ် ကစပြီး စစ်တပ်နဲ့​ပေါင်း တူး​ဖော်ခဲ့တာက ၂၀၁၀မှာတရုတ်ကုမ္ပဏီကိုလွှဲ​ပြောင်းခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်မှာစစ်တပ်အာဏာသိမ်းပြီးနောက်မှာ ပြည်တွင်းကရပ်တန့်သွားတဲ့ နိုင်ငံတကာစီးပွား​ရေးစီမံကိန်း​တွေထဲမှာ တရုတ်ရဲ့ အဓိကစီမံကိန်းကြီးတစ်ခုဖြစ်တဲ့ ​ကြေးနီးတူး​ဖော်​ရေးစီမံကိန်းလည်း ပါဝင်ပါတယ်။စစ်တပ် အာဏာသိမ်းထားတာတစ်နှစ်​ကျော်ကြာလာတဲ့အခါ ၂၀၂၂ နှစ်ဆန်းပိုင်းမှာစီမံကိန်းကိုပြန်စဖို့ပြင်ဆင်ခဲ့​ပေမယ့် ဝန်ထမ်းအားလုံးနီးပါးက CDMပြုလုပ်တာ​ကြောင့်အခုထိမလည်ပါတ်နိုင်​သေးတာဖြစ်ပါတယ်။တရုတ်ကြေးနီစီမံကိန်းတွေဟာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီအတွက် ဝင်ငွေတိုး​စေတယ်လို့ ဒေသခံတွေက ယုံကြည်တဲ့အတွက်ဒေသခံ စီမံကိန်းဝန်ထမ်းတွေဟာ အလုပ်မဆင်းဘဲအာဏာဖီဆန်(CDM)နေကြတာဖြစ်ပါတယ်။

Letpadaung Copper Mine
ဓာတ်ပုံ – People’s Spring

ဒီရလဒ်အနေနဲ့ ဝန်ထမ်း ၇၀၀၀ကျော်နဲ့ လည်ပတ်နေတဲ့ ဝမ်ပေါင် နဲ့ယန်စီကြေးနီးစီမံကိန်းနှစ်ခုလုံး ရပ်တန့်ထားရပါတယ်။လက်ရှိမှာ ဝန်ထမ်း ၁၀၀ လောက်နဲ့ စက်ရုံပြုပြင်ထိန်းသိမ်းရေးတွေသာ လုပ်နေရပါတယ်။

“ရေလိုင်း၊မီးလိုင်းတွေ ပြုပြင်ထိန်းသိမ်းတာကလွဲရင် အခုချိန်မှာ ကြေးနီမထုတ်နိုင်တော့ဘူး။ဒါကအတွင်းက ကိုယ့်လူတွေပေးတဲ့သတင်းပါ”ဟု စီမံကိန်းမှာနှစ်ရှည်လများ လုပ်ခဲ့တဲ့ အလုပ်သမား အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးကပြောပါတယ်။

Letpadaung Copper Mine
ဓာတ်ပုံ – People’s Spring

သူကအရင် လစာ​ကောင်းရတဲ့ တရုတ်ကုမ္ပဏီ ဝန်ထမ်းဖြစ်​ပေမယ့် CDMလုပ်ပြီး​တော့ကုမ္ပဏီကပေးတဲ့ ​ထောက်ပံ့​ကြေးနည်းနည်းသာရ​တော့​ပေမယ့် စီမံကိန်းမလည်ပတ်နိုင်​လို့ ​ကျေနပ်​နေပါတယ်။​ဒေသခံဝန်ထမ်း​တွေဟာ စီမံကိန်းရပ်​နေတဲ့အတွက် လခမရ​တော့လို့ဝမ်းနည်း​နေကြတာမျိုးမဖြစ်ကြဘဲ ၊စစ်အုပ်စုဝင်​ငွေ​​​လျော့သွားဖို့အတွက် စီမံကိန်းရပ်တန့်​အောင်CDMပြုလုပ်နိုင်ခဲ့ကြတဲ့အတွက် ​ကျေနပ်ဂုဏ်ယူ​နေကြသူ​တွေများတယ်ဆိုတာ သူတို့ရဲ့​ပြောစကား​တွေအရသိရပါတယ်။

ဒီစီမံကိန်း​တွေဟာ ကမ္ဘာ့ကပ်ရောဂါကိုဗစ်ဖြစ်ပွားချိန်မှာတောင် ဝန်ထမ်းတွေကို အလှည့်ကျစနစ်နဲ့ လည်ပတ်ခဲ့တာပါ။ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ပြန်လည်လည်ပတ်ဖို့ တရုတ်ကုမ္ပဏီက ကြိုးစားခဲ့ပါသေးတယ်။ ဒါပေ့မယ်လည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေရဲ့ ဆန့်ကျင့်ကန့်ကွက်မှုကြောင့် စီမံကိန်းက မလည်နိုင်ဘဲရပ်
တန့်​နေတာဖြစ်ပါတယ်။

Letpadaung Copper Mine
ဓာတ်ပုံ – People’s Spring

ဒီစီမံကိန်းကနေ တစ်ရက်မှာ ကြေးနီ ၂၅ တန်ပါတဲ့ ကုန်တင်ကားအနည်းဆုံး ၁၅စီးခန့်နေ့စဉ် သယ်ယူခဲ့ရတယ်အထိ့ထုတ်လုပ်ခဲ့ရာက​နေ အခုဆိုရင် အရင်ကထုတ်ထားတဲ့ကြေးနီ​တွေကို တစ်လတစ်ကြိမ်​လောက် ကားနဲ့သယ်ဖို့တောင် စစ်​ကောင်စီတပ် လုံခြုံရေးအမြောက်အများနဲ့ သယ်​နေရတဲ့အ​ခြေအ​နေလို့ ဒေသခံ ဝန်ထမ်းတစ်ဦးကပြောပါတယ်။

” မတ်လလောက်ကတည်းကပြန်စဖို့ စီစဥ်နေတာ ဒါကို ဝန်ထမ်းတွေက အလုပ်မဆင်းဘဲ CDMလုပ်ပြီး နေကြလို့ပြန်မစနိုင်တာ။ အခုက မဖြစ်မနေဆင်းရတဲ့ ဝန်ထမ်းတွေနဲ့ စစ်တပ်အမျိုးအနွယ်တွေပဲ အလုပ်ဆင်းနေကြတာ။စီမံကိန်းကမလည်ပတ်နိုင်တာသေချာတယ်”လို့ အဲဒီကုမ္ပဏီရဲ့CDMဝန်ထမ်းတစ်ဦးကပြောသည်။

Letpadaung Copper Mine
ဓာတ်ပုံ – People’s Spring

ဒီနှစ်ဆန်းမှာ စီမံကိန်း​တွေပြန်စဖို့ပြင်ဆင်လာတယ်လို့သတင်းထွက်လာတဲ့ခါ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -PDF ၁၆ဖွဲ့က ၂၀၂၂ ​မေလ ၅ ရက်​နောက်ဆုံးထားပြီး ရပ်ဆိုင်း​ပေးဖို့ ၊ ​ဒေသခံဝန်ထမ်း​​တွေအ​နေနဲ့လည်း ​မေ ၅ ရက်​နောက်ဆုံးထားCDMပြုလုပ်ကြဖို့ ထုတ်ပြန်တိုက်တွန်းခဲ့ပါတယ်။

အဲဒီ​နောက်မှာစစ်​ကောင်စီတပ်က စီမံကိန်းဝန်းကျင်မှာလုံခြုံ​ရေးတိုးလာတာ​ကြောင့် ​ဒေသခံPDF​တွေနဲ့ စစ်​ကောင်စီတပ်​တွေမကြာခဏတိုက်ပွဲဖြစ်ခဲ့ပြီး​တော့ စစ်​ကောင်စီရဲနဲ့စစ်သား​တွေအထိနာပါတယ်။

Letpadaung Copper Mine
ဓာတ်ပုံ – People’s Spring

PDF​တွေရဲ့သတိ​ပေးချက်​နောက်မှ ​ဒေသခံဝန်ထမ်း​တွေကလည်းPDF​တွေ ညွန်ကြားတဲ့အတိုင်းတညီတညွတ်တည်း CDMပြုလုပ်ကြပါတယ်။ ဝန်ထမ်း​တွေအားလုံးနီးပါးCDMပြုလုပ်ကြတဲ့အတွက် စီမံကိန်းပြန်လည်မယ့်အစီအစဥ်ရပ်သွားတဲ့​​နောက်မှာ စစ်​ကောင်စီက ပတ်ဝန်းကျင်​ကျေးရွာ​တွေကို ပိုပြီးအညှိုးထားအကြမ်းဖက်လာပါတယ်။

ဇွန်လ ၂၁ ရက်မှာ မိုးကြိုးပြင်(​မြောက်)ရွာကိုစစ်တပ်ကစစ်​ကြောင်းထိုးပြီး ပြည်သူ ၂ ဦးကိုဖမ်းဆီးပြီး​တော့ လည်လှီးသတ်ခဲ့ပါတယ်။ဒါအပြင်ရွာကိုလည်းမီးရှို့ပါတယ်။​ဖောင်ကား(​တောင်)ရွာကိုလည်းအဲဒီ​နေ့မှာပဲ စစ်​ကောင်စီတပ်က အကြမ်းဖက်ခဲ့ပါတယ်။ စီမံကိန်းပတ်ဝန်းကျင်ရွာ​တွေကို စစ်တပ်က မီးရှို့ ၊လူသတ် ၊လုယက်အကြမ်းဖက်ခဲ့တာ​ကြောင့်ဒေသခံPDF​တွေက စစ်​ကောင်စီတပ်လုံခြုံ​ရေးယူထားတဲ့ ဝမ်​ပေါင်​ကြေးနီးစီမံကိန်းကိုလက်လုပ်လက်နက်ကြီးနဲ့တုံ့ပြန်ပစ်ခတ်တိုက်ခိုက်ပါတယ်။စီမံကိန်းထဲမှာရှိတဲ့ကင်းခခန်းအထိသွား​ရောက်တိုက်ခိုက်သလို ဇွန် ၂၄ မှာ​​တော့ စီမံကိန်းကိုသွယ်တန်းထားတဲ့ ပင်မဓါတ်အားလိုင်းကို PDF​တွေက​ဖောက်ခွဲဖြိုချလိုက်ပါတယ်။

Letpadaung Copper Mine
ဓာတ်ပုံ – People’s Spring

ဝမ်ပေါင်ကုမ္ပဏီကတော့ ဒီလိုတိုက်ခိုက်မှုတွေကိုရှုံ့ချကြောင်း ၊ စီမံကိန်းကိုတိုက်ခိုက်တာက မြန်မာဝန်ထမ်း​တွေကိုဝင်​ငွေဆုံးရှုံး​စေပြီး​တော့ ဓါတ်အားပြတ်​တောက်တာက စီမံကိန်းဝန်းကျင်​ဒေသ​တွေကို ထိခိုက်​စေတယ်လို့ဇွန်လ ၂၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ​ဒေသခံနဲ့ ပြည်သူလူထုကို​ဘေးအန္တရာယ်ဖြစ်​စေမယ့်လုပ်ရပ်​တွေကို​အဖွဲ့အစည်းအားလုံးကရှောင်ကြဥ်​ပေးကြဖို့ ၊ ပဋိပက္ခဖြစ်စဥ်မှာ မပါဝင်ဘူးလို့လည်းဆိုပါတယ်။

ဒါ​ပေမယ့် A4 စာမျက်နှာ ၃မျက်နှာနဲ့ စာပိုဒ် ​ခြောက်ပိုဒ်ပါတဲ့ထုတ်ပြန်ချက်မှာ PDF​တွေကတိုက်ခိုက်တာ​တွေကိုသာ​ဖော်ပြထားပါတယ်။စစ်​ကောင်စီတပ်​တွေက ရွာ​တွေမီးရှို့တာ​ဒေသခံပြည်သူ​တွေကိုသတ်ဖြတ်တာ​တွေကို​တော့ ​​ထောက်ပြထားခြင်းမရှိပါဘူး။

ဒါအပြင် တရုတ်ကုမ္ပဏီက အကြမ်းဖက်စစ်ကောင်စီတပ်ကို ကုမ္ပဏီဝန်းထဲမှာ နေထိုင်ခွင့်ပြုတာ၊ သတင်းထောက်လှမ်းပေးတာနဲ့ စားနပ်ရိက္ခာထောက်ပံ့ပေးတာလုပ်နေတယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ဒေသခံတွေက တညီတညွှတ်တည်းပြောပါတယ်။ဒီလိုလုပ်တာက ကုမ္ပဏီနဲ့ ဒေသခံတွေကြားမှာ တင်းမာမှုမြင့် တက်စေပါတယ်။

Letpadaung Copper Mine
ဓာတ်ပုံ – People’s Spring

People’s Spring က ​ကြေးနီစီမံကိန်းဝန်းကျင်နဲ့ အနားကရွာ​တွေကို စက်တင်ဘာလထဲသွား​ရောက်​လေ့လာတဲ့အလာ စီမံကိန်းအနီးလမ်းမတွေမှာတော့ မိုင်းဆွဲထားတဲ့ ကျင်းတွေ၊ စစ်ကောင်စီက မီးရှို့ထားလို့ ပြာကျ​နေတဲ့ အိမ်​​တွေ၊ အိမ်က​နေမီးကြွင်းသစ်ငုတ်တိုအချို့သာကျန်တဲ့မီး​လောင်ပြင်​တွေကိုနေရာ အနှံ တွေ့ရပါတယ်။

စစ်​ကောင်စီကတော့ တရုတ်အစိုးရ မျက်နှာသာပေးစေဖို့အတွက် လက်ပံ​တောင်း​တောင်နဲ့​ကြေးနီ​တောင်စီမံကိန်းနှစ်ခုလုံးမှာစစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်စုစုပေါင်း အင်းအား ၃၀၀ လောက်ကလုံခြုံရေး​ပေး​နေပါတယ်။စစ်​ကောင်စီတပ်တွေက စီမံကိန်းနားလာတဲ့ ဒေသခံတွေကို လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ ပစ်ခတ်တာတွေရှိတက်ပါတယ်။ ဒီလိုပစ်ခတ်လို့ တောထဲ မျှစ်ချိုး၊ မှိုရှာတဲ့ ဒေသခံတွေ ထိခိုက်မှုတွေရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၉ရက်မှာဆိုရင် စစ်ကောင်စီက ရွာသားတွေသွားလာတဲ့ လမ်းတွေမှာ နင်းမိုင်း ၇၈ လုံးထောင်ထားတာကို ဒေသခံPDF​တွေက​တွေ့ရှိပြီးအချိန်မိဖယ်ရှားရှင်းလင်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် စစ်​ကောင်စီတပ်က စီမံကိန်းကို PDF​တွေက လာတိုက်ရင်ရွာတွေကို မီးရှို့မယ်လိုလည်း ခြိမ်းခြောက်ထားတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

ဒါ​ပေမယ့် စီမံကိန်း​စောင့်​နေတဲ့ စစ်​ကောင်စီတပ်​တွေဟာ ပုံမှန်ဆိုရင် စီမံကိန်းအပြင်ထွက်တာ ၊ရွာ​တွေကိုသွားတာမလုပ်ရဲကြပါဘူး။​ဒေသခံ PDF ​တွေကတိုက်ခိုက်မှာစိုးတဲ့အတွက်ရွာ​တွေဘက်မသွားကြတာ၊အပြင်မထွက်ကြတာပါ။

Letpadaung Copper Mine
ဓာတ်ပုံ – People’s Spring

အချုပ်​ဆိုရရင်​တော့ ဒေသခံPDF​တွေကတိုက်တွန်းလို့ဆိုတာထက် ​ဒေသခံပြည်သူ​တွေက စစ်အာဏာရှင်ကိုဆန့်ကျင်​တော်လှန်စိတ်ပြင်းထန်တာ​ ကြောင့် CDMလုပ်​နေကြတဲ့အတွက် ​ကြေးနီတူး​ဖောရေးလုပ်ငန်းတွေဟာဒီ​နေ့အထိရပ်တန့်​နေတာဖြစ်ပါတယ်။ ဒီ​နေရာမှာထူးခြားတာဟာ ဒီနှစ်နှစ်လယ်ပိုင်း စစ်​ကောင်စီတပ်နဲ့PDF​တွေ တိုက်ခိုက်ပြီးတဲ့​နောကတရုတ်ကုမ္ပဏီက စီမံကိန်းပြန်စဖို့တွန်းအား​ပေးတာမျိုးမရှိ​တော့ဘူးလို့​CDMလုပ်ထားတဲ့ မြန်မာဝမ်​ပေါင်ရဲ့ဒေသခံ ဝန်ထမ်းတစ်ဦးက​ပြောပါတယ်။ တရုတ်ကုမ္ပဏီက​ဒေသခံပြည်သူ​တွေနဲ့ ပဋိပက္ခဖြစ်ရမှာကို ​ရှောင်ကျဥ်လိုတဲ့အတွက်ဖြစ်နိုင်တယ်လို့
၎င်းကသုံးသပ်ပါတယ်။

“ဒီစီမံကိန်းကို အရင်ကတည်းက ရပ်ထားစေချင်နေတာ။ အခုတော့ ဒီလိုရပ်ထားတာ ကောင်းတယ်။ ဒီစီမံကိန်းကြောင့်ဘဲ အဒေါ်တို့ဘိုးစဉ်ဘောင်ဆက်လုပ်လာတဲ့ မြေတွေ မတရားသိမ်းခံရတာ”လို့ ကြေးနီးစီမံကိန်းအနီးမှာရှိတဲ့ကျေးရွာတစ်ရွာအသက် ၆၀ ​ကျော်အရွယ် ဒေသခံအမျိူးသမီးကြီးတစ်ဦးက​ပြောပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ နယ်ခြားစောင့်တပ်(BGG)ကလည်း ပြည်သူလူထု နေထိုင်ရာ နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် ခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

လမ်း​ထောင့်စစ်ကောင်စီကင်းရုံးနှင့်နီးကပ်သည့်အတွက် ​ဖောက်ခွဲတိုက်ခိုက်ပြီး​နောက်အဖွဲ့ဝင်များ အမြန်ဆုတ်ခဲ့​​ကြောင်း ဗိုလ်တွတ်ပီက​ပြောသည်။​ပေါက်ကွဲပြီးခဏအကြာတွင်စစ်​ကောင်စီတပ်သားများ ​ရောက်လာကြ​ကြောင်း ၎င်းကဆက်​ပြောသည်။

သတင်း

ရုတ်တရက် ထွက်ပြေးတိမ်းရှောင်ကြရခြင်းဖြစ်၍ နေထိုင်ရေးနှင့် စားနပ်ရိက္ခာအခက်အခဲ ကြုံကြရကြောင်း ဒေသခံက ပြောသည်။

သတင်း

လက်ဖက်ရည်ဆိုင်အတွင်း ပစ်ခတ်တိုက်ခိုက်မှုတွင် မဟာမိတ်ပူးပေါင်းအဖွဲ့က ပစ္စတိုနှင့် လျက်ဆားပုလင်းမိုင်းအား အသုံးပြုခဲ့သည်။